တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၄နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှူဒါန်းခြင်း လှုပ်ရှားမှု ရန်ကုန်တွင် ကျင်းပ

(GMT+08:00)2024-06-07 15:57:39  

ယခုလ ၆ရက်နေ့တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိသည့် ၇၄နှစ် ပြည့်မြောက်ခြင်း အထိမ်းအမှတ် လှူဒါန်းခြင်း လှုပ်ရှားမှုကို ရန်ကုန် လှိုင်သာယာ အမှတ် ၁၄ အလယ်တန်းကျောင်းတွင် ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးနှင့် တရုတ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့သည် လှိုင်သာယာ အမှတ် ၁၄ အလယ် တန်းကျောင်းအား စာရေးကိရိယာများနှင့် စားနပ်ရိက္ခာအိတ်များကို လှူဒါန်း ပေးအပ်ခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။ 

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး Chen Haiက အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံနှင့် အတူ နှစ်နိုင်ငံ လူငယ်များ အကြား သိရှိနားလည်မှုနှင့် ချစ်ကြည်မှုကို တိုးပွားစေရန် အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများနှင့် ပလက်ဖောင်းများကို ဖန်တီးပေးလိုကြောင်း၊ ကျောင်းသူကျောင်းသားများ ကြိုးစားပြီး မြန်မာ နိုင်ငံတော် တည်ဆောက်ရေး အတွက် ကျောရိုးမဏ္ဍိုင် ဖြစ်လာကာ တရုတ်-မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ဆက်ခံခြင်းနှင့် လက်ဆင့်ကမ်းခြင်း အတွက် ပါဝင်ဆောင်ရွက်သူ နှင့် အကျိုးပြု စွမ်းဆောင်သူ ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးသည် ရန်ကုန် လှိုင်သာယာ အမှတ် ၁၄ အလယ်တန်းကျောင်း၏ စာသင်ဆောင်ကို ပံ့ပိုးတည်ဆောက်ပေးသည့် အပြင်၊ မိမိတို့ကျောင်း၏ ဆရာဆရာမများအား တရုတ် နိုင်ငံသို့ သွားရောက် ခရီးလှည့်လည်ကြည့်ရှုလေ့လာရန် ဖိတ်ခေါ်ကာ မိမိတို့ ကျောင်းအား ကိုဗစ် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းများနှင့် စာသင်ကြားရေး ပစ္စည်းကိရိယာများနှင့် ကာယ လေ့ကျင့်ရေး ပစ္စည်း ကိရိယာများကိုလည်း လှူဒါန်း၍ စာသင်ကျောင်း တည်ဆောက်ရေးနှင့် ကျောင်းသူကျောင်းသားများ၏ ကြီးပြင်းလာမှု အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။