တရုတ်နိုင်ငံတွင် လူပေါင်း ၁၃.၄၂သန်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမည်

(GMT+08:00)2024-06-06 13:49:29  

    ၂၀၂၄ခုနှစ် တရုတ်တစ်ပြည်လုံးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဇွန်လ ၇ရက်နေ့ တွင် စတင်ကျင်းပ မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် အတွက် လျှောက်ထားသူဦးရေသည် ၁၃.၄၂ သန်းရှိပြီး ယခင်နှစ်ကထက် ၅သိန်း ၁ သောင်း တိုးလာခဲ့သည်။ မကြာသေးမီက တရုတ်ပညာရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာ ဌာန များနှင့်အတူ စာမေးပွဲ ပါဝင် ဖြေဆို သူများအား ကောင်းမွန်သော ဝန်ဆောင်မှုများ ပေး ဆောင်ရန်၊ ခရီးသွားလာရေး၊ အစားအသောက်နှင့် တည်းခိုနေထိုင်ရေး၊ ဆေးဝါးနှင့် ကျန်းမာရေး၊ ဆူညံသံများ ထိန်းချုပ်ရေး စသောဝန်ဆောင်မှု ကို ကောင်းမွန်စွာ ဆောင်ရွက် ပေးရန်၊ မသန်စွမ်းသူများ စာမေးပွဲကို အဆင်ပြေ ချောမွေ့စွာ ပါဝင်ဖြေဆိုနိုင် ရန် စီမံ ဆောင်ရွက်ပေးခဲ့ ပါသည်။