Ren'ai Reef ပြဿနာတွင် ဖိလစ်ပိုင်သည် တရုတ်ပြည်၏ အခွင့်အရေးကို ဆက်တိုက် ကျူးလွန်ထိပါးသူ၊ ရန်စမှုများပြုလုပ်သူ၊ ပဋိပက္ခများ ပြင်းထန်လာအောင် ပြုလုပ်သူဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2024-06-05 13:16:55  

  ဇွန်လ ၄ ရက်နေ့က ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲ တွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်က Ren'ai Reef အခြေအနေနှင့်ပတ်သက်၍ တရုတ်ပြည်၏ ရပ်တည်ချက်ကို အကြိမ်ပေါင်းများစွာ ရှင်းလင်းဖော်ပြခဲ့ပြီ ဖြစ်ကြောင်း၊ Ren'ai Reef ပြဿနာနှင့် ပတ်သက်၍ ဖိလစ်ပိုင်သည် တရုတ်ပြည်၏ အခွင့်အရေးကို ဆက်တိုက် ကျူးလွန်ထိပါးသူ၊ ရန်စမှုများ ပြုလုပ်သူ၊ ပဋိပက္ခများ ပြင်းထန်လာအောင် ပြုလုပ်သူပင် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။