ဆလိုဗေးနီးယား အမျိုးသားလွှတ်တော်သည် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြု

(GMT+08:00)2024-06-05 13:26:05  

ဇွန်လ ၄ ရက်နေ့တွင် စလိုဗေးနီးယား အမျိုးသားလွှတ်တော်က ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါသည်။ ပါလက်စတိုင်းနိုင်ငံထူထောင်ရေး သည် နှစ်ပေါင်း များစွာ အတားအဆီးများနဲ့ ကြုံရသော်လည်း ပါလက်စတိုင်းကို နိုင်ငံ တစ်နိုင်ငံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့ကြသည်။ ယခုနှစ် မေလ ၂၈ရက်နေ့တွင် နော်ဝေး၊ စပိန်နှင့် အိုင်ယာလန် အစိုးရများသည် ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုကြောင်း အသီးသီးကြေညာခဲ့ပါသည်။ ဘာဘေးဒိုးစ်၊ ဂျမေကာ၊ ထရီနီဒက်နှင့် တိုဘာဂို၊ ဘဟားမား စသည့်နိုင်ငံများသည်လည်း ပါလက်စတိုင်းနိုင်ငံအား အသိအမှတ် ပြုကြောင်း ကြေညာခဲ့ပါသည်။