ပင်လယ်သမုဒ္ဒရာသည် နိုင်ငံတကာ နိုင်ငံရေး ပြိုင်ဆိုင်မှု နေရာ မဖြစ်သင့်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-05 13:25:13  

ယခုနှစ်သည် “ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေသဘောတူစာချုပ်” အသက်ဝင် သည့် နှစ် ၃၀ ပြည့့် မြောက်သည့်နှစ် ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီး လက်ထောက် Miao Deyu က ဇွန်လ ၅ ရက်နေ့တွင် ကျင်းပသည့်  ၇ ကြိမ်မြောက် ပင်လယ်ကမ်းလွန်ဒေသ နှင့် “ဒေသ” ဆိုင်ရာ စနစ်များ သိပ္ပံပညာနှင့် ဥပဒေရေးရာ နိုင်ငံတကာ နှီးနှောဖလှယ်ပွဲတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ “ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေ သဘောတူ စာချုပ်”သည် လူသားတစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားများကို မူတည် ပြီး မတူညီသော တောင်းဆိုချက်များကိုလည်း ထည့်သွင်းစဉ်းစားခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေ သဘောတူ စာချုပ်”ကို  အကောင်အထည် ဖော်ဆောင်ရာတွင် ၎င်း၏ ရည်မှန်း ချက်မူနှင့် ပြဋ္ဌာန်းချက်များအပေါ် သစ္စာရှိ သင့်ကြောင်း၊ ပင်လယ်သမုဒ္ဒရာသည် နိုင်ငံအသီးသီး ပေါင်းစည်းချိတ်ဆက်သော ပေါင်းကူးတံတား ဖြစ်ပြီး နိုင်ငံတကာ နိုင်ငံရေး ပြိုင်ဆိုင်မှု နေရာ မဖြစ်သင့်ကြောင်း ပြောကြား ခဲ့သည်။