အိန္ဒိယ၏ အာဏာရပါတီဦးဆောင်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီး Modi က မိန့်ခွန်းပြောကြား

(GMT+08:00)2024-06-05 13:20:54  

ဒေသစံတော်ချိန် ယခုလ ၄ ရက်နေ့ညက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Modi သည် နယူးဒေလီရှိ Bharatiya Janata ပါတီ၏ မဲဆွယ်စည်းရုံးရေးဌာနချုပ်တွင် အောင်ပွဲရ မိန့်ခွန်းပြောကြားခဲ့ပါသည်။

အိန္ဒိယ၏ အာဏာရပါတီ ဖြစ်တဲ့ Bharatiya Janata ပါတီ ဦးဆောင်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့သည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ထိုနေ့က ပဏာမ မဲရေတွက်မှုရလဒ်အရ သိရပါသည်။