ကွမ်ရှီး လျူကျိုးမြို့တွင် ကျွမ့်လူမျိုးများသည် ရောင်စုံကောက်ညှင်းထုပ်များကို ပြုလုပ်ပြီး ကောက်ညှင်းထုပ်ပွဲတော်ကို ကြိုဆိုကြ

(GMT+08:00)2024-06-05 13:21:57  

ယခုလ ၄ ရက်နေ့က ကွမ်ရှီး လျူကျိုးမြို့ ကျန်းခိုရွာတွင် ကျွမ့်လူမျိုးများသည် ဒေသ ထူးခြားချက်ပါရှိသည့် ရောင်စုံကောက်ညှင်းထုပ်များကို ပြုလုပ်ပြီး ရိုးရာ ကောက်ညှင်းထုပ်ပွဲတော်ကို ကြိုဆိုခဲ့ကြပါသည်။

ကျွမ့်လူမျိုးများက ရောင်စုံကောက်ညှင်းထုပ်ကို အရောင် ငါးရောင်ရှိ တဲ့ ကောက်ညှင်း များ နှင့် ကောက်ညှင်းဖြူကို ရောနှောထားပြီး ဒေသထွက်ဝက်သား၊ ဘေကွန်၊ သစ်ချသီး၊ မြေပဲနှင့် အခြားပါဝင်ပစ္စည်းများကိုထည့်ကာ ဝါးရွက်ဖြင့်ထုပ်ထားခြင်းဖြစ်ပြီး၊ ဒေသ အရပ်ရပ်မှ ခရီးသွားများ ကြိုက်နှစ်သက် ကြသည်။