“အတွေးအခေါ်စွမ်းအား” တင်ဆက်သူမှ ပြောကြားသော တရုတ်နိုင်ငံ၏အဓိကစကားစုများ - အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး

(GMT+08:00)2024-06-05 19:40:07  

ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဖြစ်ပါတယ်။ လူသားတို့ရဲ့ ဘုံပိုင် အိမ် ဖြစ်သော ကမ္ဘာကြီးဟာ လူသားတို့ကိုယ်တိုင် ဖန်တီးခဲ့သော သဘာဝပတ်ဝန်းကျင် ဘေး အန္တရာယ်အမျိုးမျိုးကြောင့် ခြိမ်းခြောက်ခံနေရပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်မှသာ ကျွန်တော်တို့ရဲ့ဘုံပိုင်ဥယျာဉ်အိမ်ဝင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လူသားတစ်ရပ်လုံးရဲ့သဘောတူညီမှုပဲဖြစ်ပါတယ်။ ဂေဟစနစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့စီးပွားရေးလူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတို့ရဲ့ဆက်ဆံ ရေးကို ဘယ်လိုညှိနှိုင်းဆောင်ရွက်ကြရမလဲဆိုတာကို နိုင်ငံအသီးသီးက မတူညီတဲ့ ထွက်လမ်းများ ရှာဖွေနေကြပါတယ်။ တရုတ်နိုင်ငံရဲ့နိုင်ငံ့ခေါင်းဆောင် ရှီကျင့်ဖိန် မှ အဆိုပြုခဲ့သော  အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအယူအဆဟာ သူ့ရဲ့စီးပွားရေးအတွေး အမြင်နဲ့ ဂေဟဗေဒယဉ်ကျေးမှုအတွေးအမြင်များရဲ့အဓိကအကြောင်းအရာများဖြစ်လာခဲ့ သလို ခေတ်သစ်မှာ ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်တစ်ခု ထူထောင်ရန် တရုတ်နိုင်ငံအတွက် အရေးပါသော လိုက်နာမှုနဲ့ အခြေခံအယူအဆလည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျွန်တော်က တရုတ်နိုင်ငံရဲ့အစိမ်းရောင်းတိုးတက်ဖွံ့ဖြိုးရေး အယူအဆများကို ပြောပြ သွားမှာဖြစ်ပါတယ်။ 

တရုတ်လူမျိုးတွေက “သဘာဝနှင့်လူသားပေါင်းစည်းမှု” “သဘာဝအတိုင်း နေထိုင်မှု” “အရာခပ်သိမ်း အတူရှင်သန်ပေါက်ဖွားမှု” အယူအဆများကို ရှေးယခင်ကတည်း က ယုံကြည် ကြပါတယ်။ ပတ်ဝန်းကျင်အပေါ်၊ သယံဇာတအရင်းမြစ်အပေါ်၊ သဘာဝ တရားအပေါ် ထားရှိတဲ့ သဘောထားကြီးမားမှု စိတ်စေတသိက်က တရုတ်နိုင်ငံကို ရှေး ယခင်ကတည်းက လူသားနှင့်သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်တဲ့ ဂေဟစနစ် အမြင်သဘောထားကို ဖြစ်ပေါ်လာစေပြီး ဒါကို အခြေခံပြီး လူသားနှင့်သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ၂၄ ရာသီချိန် အစရှိတဲ့ ဂဟေဗေဒ အသိ ဉာဏ်ပညာများ ဆင်းသက်လာခဲ့ပါတယ်။ ဂေဟစနစ် ထွန်းကားမှသာ ယဉ်ကျေးမှု ထွန်းကား နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဂေဟစနစ်အတွေးအမြင်နဲ့ ဂေဟစနစ် အသိဉာဏ်ပညာများကို မှီခိုအားထားခဲ့ခြင်းကြောင့် တရုတ်ယဉ်ကျေးမှုဟာ ဆုတ်ယုတ်ပျောက်ကွယ်သွားခြင်း အန္တရာယ်မှ ကင်းဝေးခဲ့ရပြီး နှစ်ပေါင်း ၅၀၀၀ ကာလအတွင်း ပြိုကွဲပြတ်တောက် ခြင်း မရှိခဲ့တဲ့  တစ်ခုတည်းသော ယဉ်ကျေးမှု ပုံသဏ္ဌာန်တစ်ခုဖြစ်လာခဲ့ပါတယ်။

ရှီကျင့်ဖိန် ဟာ ရှေးခေတ်တရုတ်နိုင်ငံရဲ့ဒီလိုမျိုး သဘာဝတရားကို လေးစားမှုထားတဲ့၊ သဘာဝတရားအတိုင်း လိုက်နာကျင့်သုံးတဲ့ အတွေးအခေါ်နဲ့အသိဉာဏ်ပညာကို လက်ရှိ တရုတ်နိုင်ငံရဲ့လက်တွေ့ဖြစ်အင်နဲ့ ပေါင်းစပ်ခဲ့ပြီး ရှီကျင့်ဖိန် ဂေဟဗေဒယဉ်ကျေးမှု အတွေး အခေါ် ဖြစ် ပေါ်လာခဲ့ပါတယ်။ ဒီအတွေးအခေါ်ရဲ့အဓိကအချက်ကတော့ “လူသားနဲ့ သဘာဝဟာ သဟဇီဝဆက်ဆံရေးဖြစ်ပါတယ်။ သဘာဝတရားအပေါ် ထိခိုက် ဒဏ်ရာ ပေးမှု ဟာ အဆုံးမှာ လူသားများကို တန်ပြန်သက်ရောက်လာပါလိမ့်မယ်။” ဆိုတာပဲဖြစ်ပါတယ်။ သူက အနောက်တိုင်း စက်မှုထွန်းကားတဲ့နိုင်ငံများမှ သယံဇာတများ ခေါင်းပုံဖြတ် အညွန့် ခူးယူခြင်း ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်းတို့ကြောင့် ကမ္ဘာမြေကြီး ဂေဟဗေဒဆိုင်ရာ အန္တရာယ် များ ဖြစ်လာစေခဲ့တာတွေကို သင်ခန်းစာယူပြီး ဂေဟဗေဒ ယဉ်ကျေးမှု တည်ဆောက်ရေး အယူအဆကို အဆိုပြုခဲ့တဲ့အပြင် မူဝါဒစီမံချက်နဲ့လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်ခဲ့တာတွေကို အဓိကစကားစုတစ်ခုနဲ့ အနှစ်ချုပ်ရမယ်ဆိုရင် အဲဒါကတော့ “အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး” ပဲဖြစ်ပါတယ်။ 

 “အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတာကတော့ ရှီကျင့်ဖိန်ရဲ့စကားနဲ့ပြောရရင် “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) နဲ့ အနိုင်အရှုံး သတ်မှတ်ကြတော့မှာ မဟုတ်တော့ဘဲ” “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂေဟစနစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှစ်ခုကို မှန်ကန်စွာ ဖြေရှင်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းက ထုတ်လုပ်မှုစွမ်းအားကို ကာကွယ်ခြင်းပဲဖြစ်တယ်၊ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်းဟာ ထုတ်လုပ်မှုစွမ်းအား တိုးတက် ဖွံ့ဖြိုးမှုပါပဲဆိုတဲ့အတွေးအခေါ် အယူအဆဖြစ်အောင် စိုက်ထူရမှာဖြစ်ပါတယ်။” “ခေတ္တ ခဏ စီးပွားရေးတိုးတက်မှုအတွက် သဘာဝပတ်ဝန်းကျင်ကို ဆုံးရှုံးစတေးခံတာမျိုး လုံးဝ မလုပ်ရပါဘူး။” 

အဲဒီတော့ လူသားနဲ့သဘာဝ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်တဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲ။ 

ပထမအဖြေကတော့ “တောင် ၂ လုံး သီအိုရီ” ပါ။ ရှီကျင့်ဖိန်က “စိမ်းလန်းသော ရေမြေတောတောင် ဟာ ရွှေတောင်ငွေတောင်ပါပဲ” ဆိုတဲ့ ရိုးရှင်းတဲ့ပုံဖော်ခိုင်းနှိုင်းမှုနဲ့ အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်ရေး အတွေးအခေါ်ကို ရှင်းပြခဲ့ပါတယ်။ ဆိုလိုရင်းကတော့ ဂေဟစနစ်တည်ငြိမ်မှု ကို မထိခိုက်စေဘဲ ဂေဟစနစ်အား လူသားများအတွက် ထုတ်ကုန်ဝန်ဆောင်မှုပေးသွားရန် ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရမှာဖြစ်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လည်း ရှိရမယ်ဆိုတဲ့သဘောပါ။ “တောင် ၂ လုံး သီအိုရီ” အရ တရုတ်နိုင်ငံဟာ ကဏ္ဍ ၃ ရပ် ကို ကြိုးပမ်းဆောင်ရွက်ရပါမယ်။ ၁ အချက်က ဆိုးကျိုးမရှိသော စိုက်ပျိုးရေးလုပ်ငန်း သစ်တောလုပ်ငန်း တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ငါးဖမ်းလုပ်ငန်းများဖြစ်တဲ့ ဂေဟစနစ် ဆိုင်ရာ ထုတ်ကုန်လုပ်ငန်းများ တိုးတက်လာအောင် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်သွားရပါမယ်။ နှစ်အချက်က ဂေဟစနစ်နဲ့ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုထုတ်ကုန်များ ထုတ်လုပ်သွားရပါ မယ်။ ဥပမာ နိုင်ငံပိုင်ကုန်းမြေဧရိယာ ၁၀.၃ ရာခိုင်နှုန်းပေါ်မှာ အမျိုးသားဥယျာဉ် ၄၉ ခု တည်ဆောက်သွားပြီး ၂၀၃၅ ခုနှစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးအမျိုးသားဥယျာဉ် စနစ်ကို တည်ဆောက်ပြီးစီးသွားမှာ ဖြစ်ပါတယ်။ ၃ အချက်ကတော့ ဂေဟစနစ်ဆိုင်ရာ ကုန်ထုတ်လုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းဆိုင်ရာ ဂေဟစနစ်ကို အဓိကထားသော ဂေဟဗေဒ စီးပွားရေးစနစ်ကို အဆင့်ဆင့်တည်ဆောက်သွားပြီး ဂေဟစနစ်ထုတ်ကုန်တန်ဖိုးကို အများဆုံးတိုးမြှင့်နိုင်အောင် အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။ 

ဒုတိယအဖြေကတော့ “စနစ်သီအိုရီ” ဖြစ်ပါတယ်။ ဥပမာပေးပြောရမယ်ဆိုရင် လူ့ရဲ့ အသက်သွေးကြောဟာ လယ်ယာမြေဖြစ်ပြီး လယ်ယာမြေရဲ့အသက်သွေးကြောက ရေဖြစ် ပါတယ်။ ရေရဲ့အသက်သွေးကြောက တောင်ပေါ်မှာဖြစ်ပြီး တောင်ရဲ့အသက်သွေးကြောက မြေကြီးဖြစ်ပါတယ်။ မြေရဲ့အသက်သွေးကြောက သစ်တောနဲ့မြက်ပင်များနဲ့ ချိတ်ဆက်နေ ပြန်ပါတယ်။ “တောင်တန်း ရေအရင်းမြစ် သစ်တော လယ်ယာ ရေကန်” က လူသားများ ရှင်သန် ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုပ်ဝတ္ထုအခြေခံပဲဖြစ်တယ်လို့ ရှီကျင့်ဖိန်က ယူဆထားပါတယ်။ ဒီအခြေခံရဲ့ခိုင်မာမှု ရှိမရှိဟာ လူသားများ ရှင်သန်ရေးနဲ့ဖွံ့ဖြိုးတိုးတက် ရေးတို့ရဲ့ ဖြစ်နိုင်ခြေကို အဆုံးအဖြတ်ပေးနိုင်တာကြောင့် ဒီကွင်းဆက်ထဲက ချိတ်ဆက်မှု တိုင်းဟာ အလွန်အရေးကြီးပါတယ်။ တကယ်လို့ သစ်တောပြုန်းအောင် ခုတ်လဲပစ်လိုက်ရင် တောင်တွေဟာ တောင်ကတုံးဖြစ်လာပြီး ရေအရင်းမြစ်က ရေကြီးရေလျှံဖြစ်လာပါလိမ့် မယ်။ ရွှံ့သဲများ အနည်ထိုင်လာရင် မြေကြီးဟာ အာဟာရဓာတ်မရှိတဲ့ လွင်တီခေါင် ဖြစ်လာ ပြီးတော့ ရေမြေဆုံးရှုံးလိမ့်မယ်၊ လျှိုမြောင်တွေ ဖြစ်လာလိမ့်မယ်။ ဒါကြောင့် ရှီကျင့်ဖိန်က စနစ်တကျ အတွေးအခေါ်အယူအဆနဲ့ ဒီ သဟဇီဝအသိုင်းအဝန်းကို ရှုမြင် ကာကွယ်သင့် တယ်လို့ အဆိုပြုခဲ့တာပါ။ အဲဒီအတွက် တရုတ်နိုင်ငံက အစိမ်းရောင်၊ ကာဗွန်နည်း၊ ပြန်လည် အသုံးပြုခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးစနစ်ကို ကြိုးစားတည်ဆောက်နေပါတယ်။ စွမ်းအင်ဖွဲ့စည်းမှု၊ စက်မှုလုပ်ငန်းဖွဲ့စည်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းနဲ့ လူနေမှုပုံစံ အစရှိ သော ကဏ္ဍပေါင်းစုံကို လွှမ်းခြုံထားပြီး မူဝါဒချမှတ်ခြင်း၊ စည်းစနစ်ချမှတ်ခြင်း၊ ဥပဒေ ချမှတ်ခြင်းတို့ဖြင့် ထိပ်သီးကဏ္ဍရေးဆွဲမှုများ ဆောင်ရွက်နေပါတယ်။ ၁ အချက်က တင်းကြပ်မှုအရှိဆုံး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တရားဥပဒေနဲ့စည်းမျဉ်းစည်းကမ်း များ ချမှတ်ပြီး သဘာဝပတ်ဝန်းကျင်ဖျက်ဆီးခံရခြင်းပြဿနာကို ဇာစ်မြစ်ကနေ ဖြေရှင်း သွားပါမယ်။ ၂ အချက်က စွမ်းအင်ဖွဲ့စည်းမှုနဲ့စက်မှုလုပ်ငန်းဖွဲ့စည်းမှုတို့ရဲ့ အဆင့် မြှင့်တင် ရေးကို ဆက်လက်မြှင့်တင်လုပ်ဆောင်သွားပြီး စွမ်းအင်ချွေတာရေးနဲ့ ကာဗွန် လျှော့ချရေး ခေတ်မီနည်းပညာများရဲ့စမ်းသပ်ထုတ်လုပ်မှုနဲ့ ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးကို အရှိန်မြှင့် တင်သွားပါမယ်။ သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုများနဲ့ စီးပွားရေးအသစ်၊ လုပ်ငန်း ပုံစံ အသစ်၊ စီးပွားလုပ်ငန်းပုံစံအသစ်များကို ပျိုးထောင်ပေးသွားပါမယ်။ ၃ အချက် ကတော့ ၂၀၃၀ ခုနှစ်မှာ “ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အထွတ်အထိပ်” ကို အကောင် အထည် ဖော်ပြီး ၂၀၆၀ ခုနှစ်မှာ “ကာဗွန်ဓာတ်ပြယ်ခြင်း” အကောင်အထည်ဖော်သွားမယ် ဆိုတဲ့ “ကာဗွန်ပန်းတိုင် ၂ ခု” ကို အဆိုပြုသွားခြင်းဖြစ်ပါတယ်။ 

ဒေတာအချက်အလက်ဖော်ပြမှုအရ တရုတ်နိုင်ငံ သစ်တောအတုထိန်းသိမ်းထားသော ဧရိယာဟာ ကမ္ဘာ့ပထမနေရာမှာ ရပ်တည်နေပြီး ကမ္ဘာပေါ်မှာ သစ်တောအရင်းမြစ် တိုးပွား မှု အလျင်မြန်ဆုံး၊ အများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ လက်တလော နှစ် ၂၀ အတွင်းမှာ တစ်ကမ္ဘာလုံးအတွက် အသစ်ထပ်တိုးသော အစိမ်းရောင်ဧရိယာ ၄ ပုံပုံ ၁ ပုံ လုပ်ပေးခဲ့ပါ တယ်။ တရုတ်နိုင်ငံဟာ နှစ်စဉ်ပျမ်းမျှ စွမ်းအင်သုံးစွဲနှုန်း ၃ ရာခိုင်နှုန်းဖြင့် နှစ်စဉ် ပျမ်းမျှ စီးပွားရေးတိုးတက်နှုန်း ၆ ရာခိုင်နှုန်းကျော်ကို အရှိန်မြှင့်တင်ပေးခဲ့ပြီး စွမ်းအင်သုံးစွဲခြင်း ပြင်းထန်နှုန်းကို ၂၆.၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ စွမ်းအင်သုံးစွဲခြင်း ပြင်းထန်နှုန်း လျှော့ချမှုအလျင်မြန်ဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဆိုလာ စွမ်းအင်၊ လေစွမ်းအင်ကို အဓိကထားတဲ့တရုတ်နိုင်ငံရဲ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ် သိုလှောင်မှုပမာဏ တိုးပွားသော အရှိန်နှုန်းဟာ G7 နိုင်ငံပေါင်းစုရဲ့စုစုပေါင်းပမာဏ၏  ၄ ဆကျော်ဖြစ်ပြီး အခြားနိုင်ငံများရဲ့စုစုပေါင်းပမာဏ၏၂ ဆ ကျော်ဖြစ်ပါတယ်။

ရှီကျင့်ဖိန်ရဲ့အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးအယူအဆနဲ့ တရုတ်နိုင်ငံရဲ့လက်တွေ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအပေါ် တာဝန်ယူမှုဖြစ်သလို တစ်ကမ္ဘာလုံးအတွက် တာဝန်ယူ မှုဖြစ်ပြီး နိုင်ငံအသီးသီးရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများကို ပြန်လည်တုံ့ပြန်သွားကြောင်း သက်သေပြခဲ့ပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အမှုဆောင်ညွှန်ကြားရေးမှူး Achim Steiner က ကာဗွန်နည်းပါးပြီး လက်ခံနိုင်စွမ်းရှိတဲ့အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကို ကျွန်တော်တို့ လိုလားပါတယ်။ တရုတ်နိုင်ငံက ဒီနယ်ပယ်မှာ သူတို့အတွက်တင်မကပါဘူး။ တစ်ကမ္ဘာလုံး အတွက် အခွင့်အရေးတစ်ခုပေးခဲ့ပါတယ်။ (ကမ္ဘာကြီး) အစိမ်းရောင်စီးပွားရေးကို ဘယ်လို အသွင်ကူးပြောင်းရမလဲဆိုတာ ကျွန်တော်တို့ကို ပိုမိုသိရှိနားလည်စေခဲ့ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။