ရှီကျင့်ဖိန် သည် မက္ကဆီကိုနိုင်ငံ သမ္မတအဖြစ် အရွေးခံရသော Claudia Sheinbaum Pardo ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2024-06-05 13:16:19  

  ဇွန်လ ၄ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် မက္ကဆီကိုနိုင်ငံသမ္မတအဖြစ် အရွေးခံရသော Claudia Sheinbaum Pardo ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
    သမ္မတ ရှီကျင့်ဖိန် ၏ သဝဏ်လွှာတွင် မက္ကဆီကိုနိုင်ငံသည် လက်တင်အမေရိကဒေသမှ နိုင်ငံကြီးနှင့် အရေးပါသော ထွန်းသစ်စနိုင်ငံ ဖြစ်ကြောင်း၊ တရုတ်-မက္ကဆီကိုနှစ်နိုင်ငံ တို့သည် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ ဖြစ်ကြကြောင်း၊ လက်ရှိအချိန်တွင် တရုတ်- မက္ကဆီကို ဆက်ဆံရေးသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး မဟာဗျူဟာမြောက်မှု၊ အပြန်အလှန်ဖြည့်စွက်ပေးနိုင်မှုနှင့် အပြန်အလှန် အကျိုးရှိစေမှု အဆက်မပြတ် ပေါ်လွင်လာကာ အတိတ်ကို ဆက်ခံပြီး အနာဂတ်ကို ဖွင့်လှစ်ပေးသော အရေးကြီးသည့် အချိန်ကာလတွင် တည်ရှိနေကြောင်း၊ မိမိအနေဖြင့် တရုတ်-မက္ကဆီကိုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားပြီး အဆွေတော် သမ္မတ Claudia Sheinbaum Pardo နှင့်အတူ မဟာဗျူဟာဆက်သွယ်ရေးကို မြှင့်တင်ကာ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်ကဏ္ဍသစ် သို့ အဆက်မပြတ် တက်လှမ်း၍ နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်အောင် အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ဖော်ပြထား ပါသည်။