"သဘောတူညီချက် ၆ ချက်" ကို ထောက်ခံသောနိုင်ငံ များလေလေ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အလားအလာ ထွန်းလင်းလေလေ ဟု ဝမ်ယိဆို

(GMT+08:00)2024-06-05 13:26:31  

ဇွန်လ ၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီး ဖီဒန် တို့သည် ဘေကျင်းတွင် သတင်း ထောက်များနှင့် တွေ့ဆုံရာ၌ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အခြေခံ ခံယူချက် များကို ရှင်းလင်းပြောကြားခဲ့သည်။

ဝမ်ယိက ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မြှင့်တင်ရန်ဖြစ်ပြီး ယင်းသည် မယိမ်းယိုင်ဘဲ တစ်သမတ်တည်းဖြစ်နေကာ ယူကရိန်းအကျပ်အတည်းတွင် ကမ္ဘာကြီးက ယခုထက်ပို၍ ပကတိအခြေအနေကျပြီး ဟန်ချက်ညီညီဖြစ်ကာ အပြုသဘောဆောင်သော အသံများထွက်ပေါ်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံကယူဆကြောင်း၊ယင်းအတွက် တရုတ်နှင့် ဘရာဇီး တို့သည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးကိုမြှင့်တင်ရန် “သဘောတူညီချက် ၆ ချက်” ကို မကြာသေးမီက ပူးတွဲထုတ်ပြန်ခဲ့ကြောင်း၊ တစ်ပတ်အတွင်း နိုင်ငံပေါင်း ၄၅ နိုင်ငံက "သဘောတူညီချက် ၆ ချက်" ကို နည်းလမ်းအမျိုးမျိုးဖြင့် အပြုသဘော တုံ့ပြန်ခဲ့ပြီး "သဘောတူညီချက် ၆ ချက်" ကို ထောက်ခံသောနိုင်ငံများလေလေ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အလားအလာ ထွန်းလင်းလေလေ ဖြစ်မည်ဟု တရုတ်နိုင်ငံက ယုံကြည်ကြောင်း ပြောကြားခဲ့သည်။