ရှီကျင့်ဖိန်သည် အိုက်စလန်နိုင်ငံသမ္မတအဖြစ် အရွေးခံရသော Tomasdottirထံသို့ ဂုဏ်ပြု သဝဏ်လွှာကို ပေးပို့

(GMT+08:00)2024-06-05 13:18:02  

ဇွန်လ ၄ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အိုက်စလန်နိုင်ငံသမ္မတအဖြစ် အရွေးခံရသော Halla Tomasdottirအား ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်များအတွင်း တရုတ်-အိုက်စလန် ဆက်ဆံရေး၏ ဖွံ့ဖြိုးရေး အရှိန်ကောင်းကိုထိန်းထားကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် စီးပွားကုန်သွယ်ရေး ရင်းနှီး မြှုပ်နှံမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှုခရီးသွားလာရေး စသော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာတွန်းအားပေးပြီး အောင်မြင်မှုရလဒ်သစ် များ အဆက်မပြတ်ရရှိလာကြောင်း၊ မိမိသည် တရုတ်-အိုက်စလန် ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ Tomasdottirနှင့်အတူ နှစ်နိုင်ငံ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေပြီး အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ကာ တရုတ်-အိုက်စလန် ဆက်ဆံရေးကို အဆင့်သစ်သို့ တက်သွားရန် တွန်းအားပေးဖို့ ကြိုးပမ်းဆောင်ရွက်လိုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။