ဒုတိယသမ္မတ Alckmin၏ ခရီးစဉ်မှတစ်ဆင့် တရုတ်-ဘရာဇီး ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုကို ဆက်လက် နက်ရှိုင်းစေရန် မျှော်လင့်သည်ဟု တရုတ်ဆို

(GMT+08:00)2024-06-04 15:52:44  

ဇွန်လ ၃ ရက်နေ့က ကျင်းပခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နှင့် ဘရာဇီးနိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံကြီး နှင့် အရေးကြီးသော ထွန်းသစ်စနိုင်ငံများဖြစ်သလို ဘက်စုံမဟာဗျူဟာ မိတ်ဖက်တွေလည်းဖြစ် ကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် ဘရာဇီးနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၅၀ ပြည့် မြောက်နှစ်ဖြစ်ပြီး တရုတ်-ဘရာဇီး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် တည်ထောင်ခဲ့သည့် နှစ် ၂၀ ပြည့်မြောက်နှစ်လည်းဖြစ်ကြောင်း၊ ယခုအကြိမ် ဒုတိယ သမ္မတ Alckmin ၏ ခရီးစဉ်မှတစ် ဆင့် နှစ်ဖက်အကြား နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု ခိုင်မာ စေရန်၊ မဟာဗျူဟာ ကူးလူးဆက်ဆံမှု တွန်းအားပေးရန်၊ နယ်ပယ်အသီးသီးမှ လက်တွေ့ ကျသော ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစေရန်နှင့် တရုတ်-ဘရာဇီး ဘက်စုံ မဟာဗျူဟာ မိတ် ဖက် ဆက်ဆံမှုကို ဆက်လက် နက်ရှိုင်းစေရန် မျှော်လင်း ကြောင်း ပြောကြားခဲ့ပါသည်။