အမေရိကန်က တရုတ် အရာရှိတွေကို ဗီဇာ ကန့်သတ်ချက် ချမှတ်လျှင် တရုတ်နိုင်ငံက ပြတ်ပြတ်သားသား တန်ပြန်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2024-06-04 16:05:34  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် သည် ဇွန်လ ၃ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာ သေးမီက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဟောင်ကောင်တရားရုံးမှ ဥပဒေနှင့်အညီ စီရင်ချက်ချသည့် "နိုင်ငံတော်အာဏာကို ချိုးဖျက်ရန် ပူးပေါင်းကြံစည်မှု" တွင် ပါဝင် ပတ်သက်သူ အချို့နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ကာ ဗဟိုအစိုးရနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အစိုးရအရာရှိများအပေါ် ဗီဇာကန့်သတ်ချက်အသစ်ကို ဆောင်ရွက်မည်ဟု ဖော်ပြခဲ့ သည်၊ တရုတ်နိုင်ငံက မည်သို့မှတ်ချက်ပေးချင်ပါသနည်းဟု မေးမြန်းခဲ့ရာ-

မော်နင် က ဟောင်ကောင်အရေးသည် တရုတ်ပြည်တွင်းရေးသက်သက်ဖြစ်ပြီး ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်၍မရကြောင်း၊ အကယ်၍ အမေရိကန်သည် ဗဟိုအစိုးရနှင့် ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသအစိုးရ အရာရှိများအပေါ် ဗီဇာကန့်သတ်ချက်များ ချမှတ်ပါက တရုတ်နိုင်ငံသည်  ပြတ်ပြတ် သားသား တန်ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။