တောင်ကိုရီးယား အနေနှင့် ထိုင်ဝမ်နှင့် တောင်ပင်လယ်ရေးရာတွင် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ပြောဆိုရန် တိုက်တွန်းသည်ဟု တောင်ကိုရီးယားဆိုင်ရာ တရုတ်သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဆို

(GMT+08:00)2024-06-04 15:51:43  

 ဇွန်လ ၃ ရက်နေ့က တောင်ကိုရီးယားနှင့် အမေရိကန်၊ ဂျပန်တို့၏ ထိုင်ဝမ်နှင့် တောင်ပင်လယ်ရေးရာဆိုင်ရာ မှားယွင်းသော ပြောဆိုချက်များကို ရည်ညွှန်းပြီး တောင်ကိုရီးယားဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက တည်ကြည်လေးနက်သော သဘောထား ရပ်တည်ချက်ကို ဖော်ပြခဲ့ပါသည်။ 

   ပြောရေးဆိုခွင့်ရှိသူက မေလ ၃၁ ရက်နေ့နှင့် ဇွန်လ ၂ ရက်နေ့တွင် တောင် ကိုရီးယားသည် အမေရိကန်နှင့် ဂျပန်တို့နှင့် ဒုနိုင်ငံခြားရေး ဝန်ကြီးများနှင့် ကာ ကွယ်ရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲကို အသီးသီး ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်နှင့် တောင် ပင်လယ် ရေးရာ ဆိုင်ရာ မှားယွင်းသော စကားများ ပြောဆိုကာ တရုတ်ပြည်တွင်း ရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အဓိက အကျိုး စီးပွားများကို ပြင်းထန်စွာ ကျူးလွန်ထိပါးခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကာ တောင်ကိုရီးယားအား တည်ကြည် လေးနက်စွာ အရေး ဆိုခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် တောင်ပင်လယ် ကျွန်းများအပေါ် မငြင်း သာသော အချုပ်အခြာအာဏာပိုင်ခွင့် ရှိပြီး သက်ဆိုင်ရာ ပင်လယ် ရပ်ဝန်းအပေါ် အချုပ် အခြာအာဏာပိုင်ခွင့်နှင့် စီမံအုပ်ချုပ်ခွင့် ရှိကြောင်း၊ ယင်းသည် ပြည့်စုံသော သမိုင်းနှင့် တရား ဥပဒေဆိုင်ရာ အထောက်အထား ရှိပြီး သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ကိုက်ညီကြောင်း၊ တောင်ကိုရီးယား အနေနှင့် ထိုင်ဝမ်နှင့် တောင်ပင်လယ်ရေးရာတွင် ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ပြောဆိုရန်၊ တရုတ်နှင့် တောင်ကိုရီးယား ဆက်ဆံရေး အခြေအနေကို လက်တွေ့ကျကျ ထိန်းသိမ်းရန် မိမိတို့ တိုက်တွန်းပါကြောင်း ပြောကြား ခဲ့ပါသည်။