အီရန်သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းများ မှတ်ပုံတင်ခြင်း ပြီးဆုံး

(GMT+08:00)2024-06-04 16:00:21  

  

မေလ ၃၀ရက်နေ့မှ ဇွန်လ ၃ရက်နေ့အထိ အီရန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းများ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ဒေသစံတော်ချိန် ဇွန်လ၃ရက်နေ့ ညနေ ၆နာရီအချိန် တွင် သမ္မတလောင်း မှတ်ပုံတင်ခြင်း တရားဝင် ပြီးဆုံးခဲ့သည်။

    ဇွန် လ ၃ရက်နေ့တွင် အီရန်လွှတ်တော်ဥက္ကဋ္ဌ Qalibaf သည် အီရန်နိုင်ငံ၏ ၁၄ ကြိမ် မြောက် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အီရန်ပြည်ထဲရေးဝန်ကြီးဌာနသို့ သွားရောက်မှတ်ပုံတင်ခဲ့သည်။ ၎င်းက ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချခြင်းအပါအဝင် အီရန်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်မည်ဖြစ်ကာ အီရန်နိုင်ငံအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းနိုင်ရန် ကြိုးပမ်း သွားမည် ဟုလည်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏အစိုးရဘက်မှ စာရင်းဇယားတွေအရ သမ္မတလောင်းဖြစ်ရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ သွားရောက်မှတ်ပုံတင်သူဦးရေသည် ၈၀လောက် ရှိခဲ့သည်။ အီရန်သမ္မတရွေးကောက်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။