ယခုနှစ် ပထမ၅လအတွင်း တရုတ်-လာအို ရထားလမ်းသည် ခရီးသည် ၈.၇၂သန်းကို ပို့ဆောင်နိုင်ခဲ့

(GMT+08:00)2024-06-04 15:58:47  

ယခုနှစ်တွင် တရုတ်-လာအိုရထားလမ်းသည် ဒေသတွင်းလူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်ရေး နှင့် စီးပွားရေး စည်ပင်သာယာရေးကို တွန်းအားပေးရာ၌ အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ တရုတ်ရထားလမ်း ကူမင်းဗျူရိုအုပ်စုမှ စာရင်းအရ ဇန်နဝါရီလ ၁ရက်နေ့မှ မေလ ၃၁ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းသည် ရထား စုစုပေါင်း ၁၀၆၄၂ စီး ပြေးဆွဲခဲ့ပြီး ခရီးသည် ၈.၇၂သန်းကို ပို့ဆောင်ကာ ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၇.၅ ရာခိုင်နှုန်း တိုးများလာ၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ တွန်းအားပေးလာကြောင်း သတင်းအရ သိရှိရသည်။