Chang'e-6 သည် လကမ္ဘာ၏ ကျောဘက်တွင် ကြယ်ငါးပွင့်အလံနီကို ပထမဆုံးအကြိမ် လွှင့်ထူ

(GMT+08:00)2024-06-04 15:55:23  

ဇွန်လ ၄ ရက်နေ့တွင် Chang'e-6 ၏ Ascent ယာဉ်သည် လကမ္ဘာ၏ မြေဆီလွှာနမူနာကို သယ်ဆောင်ပြီး လကမ္ဘာ၏ ကျောဘက်မှ ထွက်ခွာခဲ့ပါသည်။ ၃၀၀၀N အင်ဂျင် ဖြင့် Chang'e-6 ၏ Ascent ယာဉ်ကို သတ်မှတ်ထားသော လကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာ ပို့ဆောင်ခဲ့ပါသည်။

    လကမ္ဘာ၏မြေဆီလွှာနမူနာကိုရယူပြီးနောက် Chang'e-6 ၏ Landerယာဉ်မှ သယ်ဆောင် ထားသည့် ကြယ်ငါးပွင့်အလံနီကို လကမ္ဘာ၏ ကျောဘက်တွင် အောင်မြင်စွာ လွှင့်ထူခဲ့ ပါသည်။ ၄င်းမှာ တရုတ်နိုင်ငံမှ လကမ္ဘာ၏ ကျောဘက်တွင် တရုတ်နိုင်ငံတော်အလံကို ပထမဆုံးအကြိမ် လွှင့်ထူ ပြသခြင်း ဖြစ်ပြီး ၄င်းနိုင်ငံတော်အလံကို ပေါင်းစပ်ပစ္စည်းများ အထူးလုပ်နည်းများ ဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။