သီရိလင်္ကာ၌ မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုနှင့်တောင်မြေပြိုကျမှု ဖြစ်ခဲ့ ပြီး လူ ၁၄ဦးသေဆုံး

(GMT+08:00)2024-06-04 15:57:37  

ယခုတလော သီရိလင်္ကာနိုင်ငံသည် မုတ်သုံမိုးရာသီသို့ ဝင်ရောက်ခဲ့ သည်။ သီရိလင်္ကာ သဘာဝဘေးစီမံခန့်ခွဲရေးစင်တာသည် ဒေသစံတော်ချိန် ဇွန်လ ၂ရက်နေ့က ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံးရှိ ဒေသ ၂၅ခုအနက် ဒေသ၂၀ တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရေကြီးရေလျှံမှုနှင့်တောင်မြေပြိုကျမှု ဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြစ်ချောင်းများစွာသည် စိုးရိမ် ရေမှတ်သို့ ရောက်ရှိခဲ့ ပြီး သဘာဝ ဘေး စီမံခန့်ခွဲရေးစင်တာသည် မြစ်ချောင်း တစ်လျှောက်နေထိုင်သူများ အား သတိပေးချက် ထုတ်ပြန်ကာ ကုန်းမြင့်ဒေသသို့ အမြန်ဆုံး ပြောင်းရွှေ့ကြရန် ပြောကြားခဲ့သည်။

ယင်းကြေညာချက်၌ လာမည့်သုံးလေးရက်အတွင်း သီရိလင်္ကာနိုင်ငံတစ်ဝန်း မိုးသည်းထန် စွာ ရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးများ ပစ်နိုင်မည်ဟု  ဖော်ပြ ထားကြောင်း သတင်းအရ သိရှိရသည်။