တရုတ်သည် အာကာသဆိုင်ရာ နိုင်ငံတကာကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများကို နိုင်ငံအသီးသီးနှင့် မျှဝေ ခံစားရန် ဆန္ဒရှိ

(GMT+08:00)2024-06-04 15:56:14  

ဇွန်လ ၃ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်က ဇွန်လ ၂ ရက်နေ့က Chang'e-6 သည် လကမ္ဘာ၏ ကျောဘက် တောင်ဝင်ရိုးစွန်း- Aitken Basin သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုများကို ရရှိခဲ့သည်၊ ဥရောပအာကာသရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Josef Aschbacher က Chang'e-6 အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းသည် အလွန်တော်သည့် အောင်မြင်မှု ဖြစ်ကြောင်း၊ ဥရောပအာကာသရေးရာ ဦးစီးဌာနသည် ၄င်းတွင် ပါဝင်ခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိပြီး ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်၊ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် ယင်းကို မည်ကဲ့သို့ သုံးသပ်သနည်းဟု မေးမြန်းခဲ့ပါသည်။

    သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က အာကာသကို သိရှိနားလည်ခြင်းနှင့် စူးစမ်းလေ့လာခြင်း သည် လူသားတို့၏ တူညီသော အိပ်မက် ဖြစ်ကြောင်း၊ အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းမှာ လူသားတစ်ရပ်လုံး၏ တူညီသော အကျိုးများကို မြှင့်တင်မည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တန်းတူရည်တူအပြန်အလှန်အကျိုးရှိစေရေး၊ ငြိမ်းချမ်းစွာ အသုံးပြုရေးနှင့် အားလုံးပါဝင်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအခြေခံပေါ်တွင် အာကာသဆိုင်ရာ နိုင်ငံတကာကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများကို နိုင်ငံအသီးသီးနှင့် မျှဝေခံစားကာ အာကာသ၏ လျှို့ဝှက်ချက်များကို အတူတကွစူးစမ်းရှာဖွေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။