တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်နေဟု တရုတ်ကိုယ်စားလှယ်အဖွဲ့ကပညာရှင်ဆို

(GMT+08:00)2024-06-03 15:12:06  

၂၁ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲသည် ဇွန်လ ရက်နေ့က စင်္ကာပူတွင် ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ပညာရှင်များက တရုတ်နှင့် ပြည်ပမီဒီယာများ၏ တွေ့ဆုံ မေးမြန်းမှုများကို လက်ခံခဲ့သည်။

တရုတ်စစ်ရေးသိပ္ပံပညာတံခွန်အသင်း ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ He Lei က  "ဒီတစ်ကြိမ်ရှန်ဂရီလာဆွေးနွေးပွဲမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ လုံးဝ ကွဲပြားတဲ့ လုံခြုံရေးအမြင်နှစ်ခုကြားက ပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုနဲ့ ပြိုင် ဆိုင် မှုပဲ ဖြစ်ပါ တယ်။ အားလုံး သိတဲ့ အတိုင်း တရုတ်နိုင်ငံရဲ့ လုံခြုံရေးအမြင်ဟာ လူသား ကံကြမ္မာ တူ အသိုက်အဝန်း တည်ဆောက်ရေး ကို အခြေခံသည့် သဘောတရားဖြစ်ပြီး လူသားအားလုံးရဲ့ လုံခြုံရေး အသိုက်အဝန်းကို အလေးထားတယ်။ အမေရိကန်၏ လုံခြုံရေး အမြင်ကတော့ အာရှ ပစိဖိတ် ဒေသအတွက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဆောင်ကြဉ်းလာတာမဟုတ်ဘဲ ပဋိပက္ခနဲ့ စစ်ပွဲတွေကိုသာ ဆောင်ကြဉ်းလာတယ်။ ဒီ မတူညီတဲ့ လုံခြုံရေး အမြင်နှစ်ခုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့နိုင်ငံအများစုရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ လုံခြုံရေးအမြင်ကို လူတိုင်း ရှင်းရှင်းလင်းလင်း နားလည် ကြလိမ့် မယ်လို့ ထင်ပါတယ်။ဟု ပြောကြားခဲ့ သည်။