နိုင်ငံတော် လုံခြုံမှုရေးရာဥပဒေစိုးမိုးရေးကို အထူးအုပ်ချုပ်ရေးဒေသမှ ထိန်းသိမ်းကာကွယ် ရန် ပြတ်ပြတ်သားသားထောက်ခံပြီး ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်း ဟောင်ကောင်ရှိ နိုင်ငံအစိုးရ OSNS ရုံးမှ ပြောကြား

(GMT+08:00)2024-06-03 15:27:51  

အမေရိကန်အပါအဝင်နိုင်ငံအစိုးရနှင့် နိုင်ငံရေးသမားအချို့သည် ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ အဆင့်မြင့်တရားရုံးမှ Dai Yao ting နှင့်အခြားသူများအား “နိုင်ငံတော် အာဏာဖြိုခွင်းရန် ပူးပေါင်းကြံစည်မှု”ဖြင့် စီရင်ချမှတ်ခြင်းဆိုင်ရာ အရမ်းကာ ရောပြောခြင်း၊ ဟောင်ကောင်တရားဥပဒေစိုးမိုးရေးကို ပုတ်ခတ်စွပ်စွဲခြင်း၊ ဟောင်ကောင် နိုင်ငံတော်လုံခြုံမှုရေးရာဥပဒေကို သရုပ်ဖျက်ခြင်းနှင့် ဟောင်ကောင်အပေါ် အရေးယူရန် ကြုံးဝါးခြင်းများနှင့် စပ်လျဉ်း၍ ဟောင်ကောင်ဆိုင်ရာ နိုင်ငံအစိုးရ OSNS ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ယခုလ ၂ ရက်နေ့တွင် မိန့်ခွန်းထုတ်ပြန်ခဲ့ရာ၊ နိုင်ငံတော်လုံခြုံမှု ရေးရာဥပဒေစိုးမိုးရေးကို အထူးအုပ်ချုပ်ရေးဒေသမှ ထိန်းသိမ်းကာကွယ်ရန်  ပြတ်ပြတ် သားသားထောက်ခံပြီး ပြင်ပအင်အားစုများမှ ဝင်ရောက်စွက်ဖက်မှုများကို ခွင့်ပြုမည်မဟုတ် ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။