တရုတ်လူမျိုး ခေတ်မီယဉ်ကျေးမှု တည်ဆောက်ခြင်း" နှီးနှောဖလှယ်ပွဲကို ဘေကျင်းမြို့တွင် ကျင်းပ

(GMT+08:00)2024-06-03 15:31:46  

တရုတ်လူမှုသိပ္ပံပညာတံခွန်အသင်းကြီးမှ ကြီးမှူးကျင်းပသည့် " တရုတ်လူမျိုး ခေတ်မီ ယဉ်ကျေးမှု တည်ဆောက်ခြင်း" နှီးနှောဖလှယ်ပွဲကို ဇွန်လ ၂ ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီး Li Shulei က ယင်း နှီးနှောဖလှယ်ပွဲကို တက်ရောက်ပြီး အဓိကမိန့်ခွန်းကို ပြောကြားခဲ့ပါသည်။

နှီးနှောဖလှယ်ပွဲကို တက်ရောက်သည့် ဧည့်သည်များက ယဉ်ကျေးမှု ဆက်ခံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် သမ္မတ ရှီကျင့်ဖိန်သည်  ခေတ်သစ် ယဉ်ကျေးမှု တာဝန်ကို ထမ်းရွက်ရန်နှင့် တရုတ်လူမျိုး ခေတ်မီယဉ်ကျေးမှုကို တည်ဆောက်ရန် နှိုးဆော်ပြီး တရုတ်နိုင်ငံယဉ်ကျေးမှုတည်ဆောက်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲကျင်းပခြင်း ၁နှစ်ပြည့်တွင် သမ္မတရှီကျင့်ဖိန်၏ အရေးကြီးမိန့်ခွန်းကို ပြန်လည်သုံးသပ်ခြင်းနှင့် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်ကို နက်နက်နဲနဲ လေ့လာခြင်းသည် အလွန်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့ကြပါသည်။