တောင်ပင်လယ် ဆိုင်ရာ ဖိလစ်ပိုင်၏ ဖော်ပြချက်သည် သမိုင်းနှင့် အဖြစ်မှန်ကို လျစ်လျူရှုနေ သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-06-03 15:07:27  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖိလစ်ပိုင်သမ္မတ မားကို့စ် ၏ ရှန်ဂရီလာဆွေးနွေးပွဲတွင် တောင်ပင်လယ်နှင့်ဆိုင်သော ဖော်ပြချက်နှင့်  ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဖိလစ်ပိုင်၏ သက်ဆိုင်ရာဖော်ပြချက်များသည် သမိုင်းနှင့် အဖြစ်အမှန်ကို လျစ်လျူရှုနေ ပြီး တောင်ပင်လယ်ဆိုင်ရာ မှားယွင်းသော ရပ်တည်ချက်ကို ဝါဒဖြန့်ကာ တောင်ပင်လယ်အခြေအနေ ဖြစ်ရပ်တွေကို တလွဲ တချော်ဖြစ်အောင် ချဲ့ကားပြောဆိုခြင်းဖြစ် ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါသည်။