အိန္ဒိယနိုင်ငံနယူးဒေလီတွင် အပူလှိုင်းပြင်းထန်ပြီး မိုးခေါင်ရေရှားခြင်းကြောင့် ရေပေးဝေမှု ကို ကန့်သတ်

(GMT+08:00)2024-06-03 15:29:22  

ယခုရက်များအတွင်း အိန္ဒိယနိုင်ငံ၌ အပူလှိုင်းပြင်းထန်စွာ ခံခဲ့ရပြီး၊ ဒေသခံပြည်သူများ၏ နေထိုင်မှုဘဝနှင့် အလုပ်လုပ်ကိုင်ခြင်းအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပါသည်။ နယူးဒေလီမြို့တွင် ဒေသဆိုင်ရာ အစိုးရသည် မိုးခေါင်ရေရှားမှုနှင့် ရေပြတ်လပ်မှုများကြောင့် နေ့စဉ်ရေပေးဝေမှုကို ကန့်သတ်ပြီး နေရာများစွာတို့တွင် တစ်နေ့လျှင် နှစ်ကြိမ်မှ တစ်ကြိမ် အထိ ရေပေးဝေမှုကို လျှော့ချခဲ့သည်ဟု သတင်းအရ သိရှိရသည်။