အာရှ ပစိဖိတ်ဒေသ ရေရှည်လုံခြုံရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက အဆိုပြုချက် ၆ ရပ်ကို တင်ပြထား

(GMT+08:00)2024-06-02 14:53:38  

   ဇွန်လ ၂ ရက်နေ့က တရုတ်ကာကွယ်ရေး ဝန်ကြီး တုံကျွင်းသည် Shangri-La ဆွေးနွေးပွဲတွင် "တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်" ခေါင်းစဉ်နှင့် ပတ်သက်ပြီး အဓိက မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   တုံကျွင်းက ပြောင်းလဲမှု များပြားသော အခြေအနေတွင် နိုင်ငံအသီးသီးတို့ တန်းတူရည်တူ ပါဝင်သော၊ ထိပ်တိုက်ရင်ဆိုင်မှု ကင်းမဲ့သော၊ ရိုးသား ချစ်ခင်စွာ ကူးလူးဖလှယ်ကြသော၊ ပွင့်လင်းမြင်သာ တန်းတူညီမျှသော ဒေသဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေသစ်ကို စတင် တည်ထောင်ပေးပြီး အာရှ ပစိဖိတ်ဒေသကို နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု၏ တည်ငြိမ်စေသော အရာ ဆက်လက် ဖြစ်စေရမည် ဖြစ်ကြောင်း၊ ယင်းအတွက် တရုတ်နိုင်ငံက အဆိုပြုချက် ၆ ရပ်ကို တင်ပြထားကြောင်း၊ ယင်းအဆိုပြုချက်များသည် 

၁။ နိုင်ငံအသီးသီးတို့၏ တရားမျှတသော လုံခြုံရေး အကျိုးစီးပွားများကို ထိန်းသိမ်းရန်၊

၂။ တရားမျှတပြီး တရားနည်းလမ်းကျသော နိုင်ငံတကာ စည်းစနစ်ကို အတူ ဖန်တီးရန်၊

၃။ ဒေသဆိုင်ရာ လုံခြုံရေးမူဘောင်၏ အကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးရန်၊

၄။ တံခါးဖွင့်ပြီး လက်တွေ့ကျသော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအား ပေးရန်၊

၅။ ပင်လယ်ပြင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စံနမူနာကို တည်ထောင်ရန်၊

၆။ ထွန်းသစ်စ နယ်ပယ်များ၌ လုံခြုံရေး စီမံခန့်ခွဲမှုများကို အားဖြည့်ရန်တို့ ဖြစ်ကြောင်း ဖော်ပြ ခဲ့ ပါသည်။