၂၀၂၄ခုနှစ် အိန္ဒိယ အထွေထွေ ရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံး

(GMT+08:00)2024-06-02 14:52:19  

အိန္ဒိယ ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်) ၁၈ ကြိမ်မြောက် ရွေးကောက်ပွဲ သတ္တမအဆင့် မဲပေးမှုသည် ဇွန်လ ၁ ရက်နေ့ ညနေ ၆နာရီတွင် ပြီးဆုံးခဲ့ပြီး ၂၀၂၄ခုနှစ် အိန္ဒိယ အထွေထွေရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပါသည်။

အိန္ဒိယအထွေထွေရွေးကောက်ပွဲ မဲပေးခြင်းကို ဧပြီလ ၁၉ ရက်နေ့က စတင်ခဲ့ပြီး အဆင့်ခုနစ်ဆင့် ခွဲကာ ရလဒ်များကို ဇွန်လ ၄ ရက်နေ့တွင် ထုတ်ပြန် ကြေညာ မည် ဖြစ်ပါ သည်။ ယခုနှစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာ အဓိကအားဖြင့် အာဏာရ Bharatiya Janata Party ဦးဆောင်သော အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (National Democratic Alliance) နှင့် Indian National Congress ဦးဆောင်သော Indian National Developmental Inclusive Alliance တို့ အဓိက ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း သတင်းအရ သိရှိရ သည်။