တောင်ပင်လယ်ဆိုင်ရာ အမေရိကန်၏ပြောဆိုချက်သည် အဖြစ်မှန်နှင့် ကျောခိုင်း နေ ကြောင်း တရုတ်ဆို

(GMT+08:00)2024-06-02 14:55:55  

ဇွန်လ ၁ ရက်နေ့က တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် Shangri-La ဆွေးနွေးပွဲအတောအတွင်း သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ရာ  ဗဟိုစစ်ရေးကော်မရှင် ပူးတွဲစစ်ဦးစီးဌာနချုပ်မှ ဒုတိယစစ်ဦးစီးမှူးချုပ် ကျင်ကျန့်ဖုန်းက တောင်ပင်လယ်ဆိုင်ရာ အမေရိကန်၏ ပြောဆိုချက်သည် အဖြစ်မှန်နှင့် ကျောခိုင်း ကြောင်း ပြောကြားခဲ့သည်။ 

ကျင်ကျန့်ဖုန်းက လက်ရှိအချိန်တွင် တောင်ပင်လယ်အခြေအနေသည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး ကမ္ဘာ့ကုန်သွယ်ရေးသင်္ဘောများ၏ ၅၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု၏ သုံးပုံတစ်ပုံသည် ယင်းဒေသကို ဖြတ်သန်းသွားလာကြောင်း၊ အမေရိကန်၏ ကုန်သွယ်ရေးသင်္ဘောများ ဤနေရာတွင် နေ့တိုင်း သွားလာနေပြီး အမေရိကန်၏စစ်သင်္ဘောများသည် ဖိတ်ခေါ်ခြင်း မရှိဘဲ ရောက်လာကာ ဘယ်အချိန်ကမှ လွတ်လပ်ရေးမရှိဘူး ဆိုတာ မတွေ့ရကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ အမေရိကန် ၏ပြောဆိုချက်သည် အဖြစ်မှန်ကို  ကျောခိုင်းနေ ပြီး  ၎င်း၏ ဆိုးသွမ်းသော ရည်ရွယ်ချက် ကို လူအားလုံး သိပါကြောင်း ပြောကြားခဲ့သည်။