ထိုင်ဝမ်ကို တရုတ်ပြည်မှ ခွဲထွက်သွားအောင် လုပ်ဆောင်ရဲသူ သေချာပေါက် လုံးဝ ရှုံးနိမ့် ရ မည်ဟု တုံကျွင်း ဆို

(GMT+08:00)2024-06-02 14:53:00  

   ဇွန်လ ၂ ရက်နေ့က တရုတ်ကာကွယ်ရေး ဝန်ကြီး တုံကျွင်းသည် Shangri-La ဆွေးနွေးပွဲတွင် "တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်" ခေါင်းစဉ်နှင့် ပတ်သက်ပြီး အဓိက မိန့်ခွန်း ပြောကြားရာ၌ ထိုင်ဝမ်ကို တရုတ်ပြည်မှ ခွဲထွက်သွားအောင် လုပ်ဆောင်ရဲသူ သေချာပေါက် လုံးဝ ရှုံးနိမ့် ရ မည်ဟု ပြောကြားခဲ့သည်.

   တုံကျွင်းက တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးတို့၏ တရားနည်းလမ်းကျသော အာရုံစိုက်မှု များကို တစ်လျှောက်လုံး လေးစားကြောင်း၊ အလားတူပင် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားသည်လည်း မွန်မြတ်သည်ဖြစ်ပြီး ကျူးလွန်ထိပါးလို့ မရကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်းသည် တရုတ် တပ်မတော်၏ မွန်မြတ်သော လုပ်ငန်းတာဝန်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။