တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် Ren'ai Reef နှင့်ကပ်လျက်ရေပြင်တွင် ပုံမှန်တရားဥပဒေ စိုးမိုးရေးနှင့် အမှိုက်ရှင်းလင်းရေးကိုဆောင်ရွက်

(GMT+08:00)2024-06-02 16:39:57  

မေလ ၁၈ ရက်နေ့တွင် တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံ Ren'ai Reef အနီး ရေပြင်တွင် ပုံမှန်ကင်းလှည့်နေစဉ် ပင်လယ်ပြင်ပေါ်မျောနေသည့် အမှိုက်များကို ရှင်းလင်းခဲ့သည်။ ထိုသို့ အမှိုက်များ ရှင်းလင်းချိန်တွင် ကမ်းခြေ စောင့်ကြပ်ရေးရဲအရာရှိသည် "Export to Philippines" အင်္ဂလိပ်စကားလုံးများဖြင့် မှတ်သားထားသည့် အဖျော်ယမကာပုလင်းတစ်လုံး ကို ကောက်ယူခဲ့သည်။ တရုတ်နိုင်ငံသည် Ren'ai Reef နှင့် ကပ်လျက်ရေပြင်အပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ပိုင်ဆိုင်ထားပြီး တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် အဏ္ဏဝါပတ်ဝန်းကျင်ကို တက်ကြွစွာ ထိန်းသိမ်းကာကွယ်ကာ အမှိုက်ရှင်းလင်းရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။