အမေရိကန်ရဲ့ "အင်ဒို-ပစိဖိတ် မဟာဗျူဟာ"၏ ရည်ရွယ်ချက်မှာ ၎င်း၏ ဗိုလ် ကျစိုးမိုးရေးကို ထိန်းသိမ်းရန် ဖြစ်ကြောင်း တရုတ်ဆို

(GMT+08:00)2024-06-02 14:51:48  

တရုတ်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဂရီလာ ဆွေးနွေးပွဲကျင်းပသည့် ကာလအတွင်း ဇွန်လ ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် ပူးတွဲစစ်ဦးစီးဌာနချုပ်မှ ဒုတိယစစ်ဦးစီးမှူးချုပ် ကျင်ကျန့်ဖုန်းက အမေရိကန်နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး အော်စတင်၏ မိန့်ခွန်း တွင် ဖော်ပြသည့် အင်ဒို-ပစိဖိတ်မဟာဗျူဟာကို ဝေဖန်ခဲ့သည်။

အမေရိကန်ရဲ့ "အင်ဒို-ပစိဖိတ်မဟာဗျူဟာ"၏ စစ်မှန်သောရည်ရွယ်ချက်မှာ တစ်ခုပြီးတစ်ခု ဖြစ်သည့် "အသိုင်းအဝိုင်းငယ်"များကို အာရှ ပစိဖိတ် ဗားရှင်း ဖြစ်သည့် နေတိုး အသိုင်းအဝိုင်းကြီး အဖြစ် ပေါင်းစည်းရန် ရည်ရွယ်ခြင်း ဖြစ် ပြီး ၊ ဤသို့ဖြင့် အမေရိကန်က ဦးစီးသော ဗိုလ်ကျစိုးမိုးရေးကို ထိန်းသိမ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ကျင်ကျန့်ဖုန်း က ပြောကြားခဲ့ပါသည်။