အမေရိကန် ကာကွယ်ရေး ဝန်ကြီး၏ ထိုင်ဝမ်ရေးရာ ပြောဆိုချက်နှင့် ပတ်သက်၍ တရုတ်ပြည်ဘက် တုံ့ပြန်ပြောကြား

(GMT+08:00)2024-06-01 18:53:21  

   ဇွန်လ ၁ ရက်နေ့က အမေရိကန် ကာကွယ်ရေး ဝန်ကြီး Austinသည် Shangri-La ဆွေးနွေးပွဲတွင် "အင်ဒို ပစိဖိတ် မဟာဗျူဟာ" နှင့် ထိုင်ဝမ် ရေးရာ ဆိုင်ရာ ဝါဒများကိုဖြန့်ခဲ့သည်။

   ယင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်က "အင်ဒို ပစိဖိတ် မဟာဗျူဟာ"သည် သေချာပေါက် ရှေ့အလားအလာ မရှိကြောင်း၊ အမေရိကန် သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း အလံကို ကိုင်ထားပြီး အမှန်တော့ စစ်အေး အတွေးအခေါ်နှင့် zero sum ကို စွဲကိုင်ခြင်း ဖြစ်ကာ တစ်ခုပြီးတစ်ခု ဖြစ်သည့် "အသိုင်းအဝိုင်းငယ်"များကို အာရှ ပစိဖိတ် ဗားရှင်း ဖြစ်သည့် နေတိုး အသိုင်းအဝိုင်းကြီး အဖြစ် ပေါင်းစည်းရန် ရည်ရွယ်ခြင်း ဖြစ် ပြီး ၊ ဤသို့ဖြင့် အမေရိကန်က ဦးစီးသော ဗိုလ်ကျစိုးမိုးရေးကို ထိန်းသိမ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ထိုင်ဝမ်က တရုတ်ပြည်မှ ခွဲထွက်သွားရန်ကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများ လုံးဝ ရပ်တန့်မည် မဟုတ်ကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိမှု တိုက်ဖျက်ရေးနှင့် အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည် ဖြစ်မှု တွန်းအားပေးရေး ခြေလှမ်းသည် လုံးဝ ရပ်တန့်မည် မဟုတ်ကြောင်း၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများ ရှုံးနိမ့်အောင် တိုက်ဖျက်ရန် လုံးဝ လက်လျေိာ့ မည် မဟုတ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ပြည့်စုံမှု ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း တာဝန်ကို ပြတ်ပြတ်သားသား ထမ်းဆောင်သွားမည် ဖြစ်ကြောင်း တုံ့ပြန် ပြောကြားခဲ့ သည်။