ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် သုံးရပ်သည် ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ပြန်လည်ဖြစ်စေ မည်ဟု ယုံကြည်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ဆို

(GMT+08:00)2024-06-01 15:03:45  

        တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ ပါကစ္စတန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif သည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ တရုတ်နိုင်ငံ၌ တရားဝင် ခရီး လှည့်လည် မည်ဖြစ်သည်။ ဒေသစံတော်ချိန် မေလ ၃၀ ရက်နေ့က ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif သည် ဝန်ကြီးချုပ်ရုံး၌ China Media Group မှ အင်တာဗျူးကို လက်ခံ ဖြေကြား ခဲ့သည်။

        ထိုသို့ အင်တာဗျူး ပြုလုပ်ခဲ့ရာ Shehbaz Sharif က ယခုအကြိမ် တရုတ်ခရီးစဉ်ကို စောင့်မျှော်နေကြောင်း၊ တရုတ်နှင့် ပါကစ္စတန်တို့သည် ညီအစ်ကိုကဲ့သို့  ရင်းနှီးပြီး တရုတ်-ပါကစ္စတန် ချစ်ကြည်ရေး လွန်စွာ ခိုင်ခံ့ကာ နှလုံးသားချင်း ချိတ်ဆက်နေကြောင်း၊ယခုအကြိမ်ခရီးစဉ်တွင် တရုတ်ဘက်နှင့်အတူ ယခင်ကနှင့်မတူသော နက်ရှိုင်းသည့် ဆွေးနွေးမှု ပြုလုပ်ရန်၊ နှစ်ဖက် လုပ်ငန်းကုမ္ပဏီများအကြား ဆွေးနွေးမှုနှင့် ကူးလူးဖလှယ်မှုများ တွန်းအားပေးရန်နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံကို အဆင့်သစ်သို့ မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။

        Shehbaz Sharif ဆက်လက်ပြောကြားရာတွင်  ပါကစ္စတန်ဘက်က သမ္မတ ရှီကျင့်ဖိန် ဖော်ပြသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် တို့ကို အကောင်အထည် ဖော်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပါကစ္စတန်နိုင်ငံသည် အဆိုပါ အဆိုပြုချက် ၃ ခုကို ထောက်ခံအားပေးသည့် ပထမဆုံးအသုတ် နိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ကြောင်း၊ ပါကစ္စတန်ဘက်သည် ဤ မွန်မြတ်သောလုပ်ငန်းအတွက် အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း၊ အဆိုပါ အဆိုပြုချက်များသည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။