ရှီကျင့်ဖိန် အမြဲ တမ်းတနေသည့် "အကြောင်းအရာလေး" သုံးခု

(GMT+08:00)2024-06-01 10:19:06  

  ကလေးတို့၏ အမြင်မှာ သမ္မတ ရှီကျင့်ဖိန်သည် ဖော်ရွေပျူငှာသည့် ဘိုးဘိုးရှီ ဖြစ်ပြီး ခင်မင်ရင်းနှီးသော သူငယ်ချင်းကြီးလည်း ဖြစ်ပါသည်။

   မေလ ၃၀ ရက်နေ့က သမ္မတ ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ် နန်ချွန်းမြို့ ကျားလင် မြို့နယ် ကြည်ကျန်း မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား စာပြန်ပြီး အားပေးစကားများ ဖော်ပြကာ ကျောင်းသားကျောင်းသူများနှင့် တစ်ပြည်လုံးမှ ကလေးသူငယ်များ ကလေးများနေ့ ပျော်ရွှင်ပါစေဟုလည်း ဆုတောင်းပေးခဲ့ပါသည်။

   နိုင်ငံတကာ ကလေးများနေ့ ကျရောက်လာသည့် အခါသမယတွင် ရှီကျင့်ဖိန် အမြဲ တမ်းတနေသည့် "အကြောင်းအရာလေး" သုံးခုကို အတူကြည့်ကြရအောင်

--ကလေးများ၏ ဆန္ဒများ အကြောင်း

   ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂတ်ပင် ဖြစ်သည်။ ကလေးများနှင့် စကား ပြောကြားရာမှာ ဆန္ဒ၊ အိပ်မက် ဟူသော ဝေါဟာရသည် ရှီကျင့်ဖိန် ခဏခဏ ပြောမိတတ်သော ဝေါဟာရများပင် ဖြစ်သည်။

   ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့က ဟူနန်ပြည်နယ်၌ လေ့လာကြည့်ရှု ခဲ့စဉ် ပင်းကျိုးမြို့ လူချင် ခရိုင် ဝင်မင် ယောင်လူမျိုးရွာ အမှတ်-၁ မူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် စကားပြောရာတွင် ရှီကျင့်ဖိန်က ခင်ဗျာတို့သည် ယနေ့တွင် သစ်ပင်ပျိုးပင်များ ဖြစ်ပြီး အနာဂတ်တွင် သစ်ပင်ကြီးများ အဖြစ် ကြီးပြင်းလာကာ တရုတ်အမျိုးသား၏ မွန်မြတ်သော အိပ်မက်ကို ခင်ဗျာတို့၏ ကြိုးပမ်းမှုဖြင့် အကောင်အထည် ဖော်ဆောင်သွားမည်ဟု မှာကြားခဲ့ပါသည်။

--ကလေးများ၏ ပညာသင်ယူရေး အကြောင်း

   စိတ်ကူးယဉ်စွမ်းအားနှင့် ဆန်းသစ်တီထွင်စွမ်းအား မည်သို့ ဖြစ်ပေါ်ပါသနည်း။ ယင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က ကြိုးကြိုးစားစား ပညာသင်ယူခြင်းမှနေ ဖြစ်ပွားလာခြင်းပင် ဖြစ်သည်ဟု အဖြေပေးလိုက်ပါသည်။

   ၂၀၁၃ ခုနှစ် မေလ ၂၉ ရက်နေ့က ဘေကျင်း ကလေးသူငယ်များ နန်းတော်၌ ရှီကျင့်ဖိန်က ပညာကို သင်ယူလေလေ များလေလေ၊ သင်ယူထားသည့်ပညာ များလေလေ ကောင်းလေလေ။ ခင်ဗျာတို့သည် ကျောင်းဖတ်စာများထဲမှ ပညာများကို ကြိုးကြိုးစားစား သင်ယူရမည့်အပြင် အခြားသော ပညာများကိုလည်း များများ သင်ယူရမည်။ ဒီလို ဖြစ်မှ ဆန်းသစ်တီထွင်ရေး စိတ်ဓာတ်များ ဖြစ်တည်လာနိုင်မည်ဟု ကလေးများနှင့် စကား ပြောရာတွင် မှာကြားခဲ့ပါသည်။

--ကလေးများ၏ ကျန်းမာရေး အကြောင်း

   ရှီကျင့်ဖိန်သည် ကလေးများ၏ ကျန်းမာရေးဆိုင်ရာ ပူပန်မှုများကို အကြိမ်များစွာ ပြောမိ ခဲ့ဖူးသည်။ ရှီကျင့်ဖိန်က မြို့ထဲနေ ကလေးအချို့သည် အာဟာရ မချို့တဲ့ပေမယ့် အားကစား လှုပ်ရှားမှု ချို့တဲ့သည်ဟု ပြောခဲ့ပါသည်။ ယနေ့တွင် မျက်မှန်တပ်ကလေး များပြားပြီး ယင်းသည် မိမိ၏ စိုးရိမ်ပူပန်မှုပင် ဖြစ်သည်ဟု ပြောခဲ့ပါသည်။