အမေရိကန်နှင့် ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟူသီက USS Eisenhower လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ခဲ့

(GMT+08:00)2024-06-01 10:22:36  

မေလ ၃၁ ရက်နေ့တွင် ယီမင် ဟူသီလက်နက်ကိုင်တပ်ဖွဲ့မှ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Saree က အမေရိကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံမြို့တော် Sanaa နှင့် Hodeidah စသည့်ဒေသတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး လူ၁၆ ဦး သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Yahya Saree က အမေရိကန်နှင့် ဗြိတိန်တို့၏ ဒေသခံလူအများသုံး အဆောက်အအုံ များကို ရည်ရွယ်ထားသေည့် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ အမေရိကန်နှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန်စစ်တပ်၏ Eisenhower လေယာဉ်တင်သင်္ဘောကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကိုလည်း ထိမှန်သွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်ထိ အမေရိကန်စစ်ဘက်က တုံ့ပြန်မှုမရှိသေးကြောင်း သတင်းအရ သိရှိရ သည်။