၂၀၂၄ ခုနှစ် China Media Group ၏ “ဇွန်လ ၁ရက်နေ့” အစီအစဉ်ကို ထုတ်ပြန်

(GMT+08:00)2024-06-01 10:21:59  

နိုင်ငံတကာ ကလေးများနေ့ ကျရောက်လာသည့်အခါသမယတွင် China Media Group (CMG) သည် မေလ ၃၁ရက်နေ့က ဘေကျင်းမြို့၌ “ဇွန်လ ၁ရက်နေ့” ၄၈နာရီ ကျင်းပမည့် ကလေးများ အထူးအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ ပထမဆုံးအသုတ် မူလတန်းကျောင်း ၂၅ ကျောင်းအား "CMG ကလေးများ ကျောင်းတွင်း ရေဒီယိုစခန်း” တည်ဆောက်ရန် လိုင်စင်များ ပေးအပ်ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်လူငယ်များအဖွဲ့ ဗဟိုအတွင်းရေးမှူးရုံး အတွင်းရေးမှူး-၁၊ တရုတ် ပြည်လုံး ဆိုင်ရာ လူငယ်များလုပ်ငန်းကော်မတီ ဌာနမှူး A Dongနှင့် တရုတ်ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံတို့ တက်ရောက်ခဲ့ကြကာ ကန်းစုပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ကန်းစု ပြန်ကြားရေးဌာန ခေါင်းဆောင် ကျန်းယုန်ရှာ၊ ထျန်းကျင်းမြို့ ဒုတိယ မြို့တော်ဝန် ကျန်းလင်း စသည်တို့နှင့်အတူ “ဇွန်လ ၁ရက်နေ့” အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြပါသည်။