တောင်ပင်လယ်ရေးရာ ဖိလစ်ပိုင်၏ မှားယွင်းသော ပြောဆိုချက်နှင့် ပတ်သက်ပြီး တရုတ်ပြည်ဘက်က ဖိလစ်ပိုင်အား မေးခွန်း လေးခု ဖြေဆို ခိုင်း ခြင်း

(GMT+08:00)2024-06-01 18:54:14  

   မေလ ၃၁ ရက်နေ့က ၂၁ ကြိမ်မြောက် Shangri-La ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ Shangri-La  ဟိုတယ်၌ ဖွင့်လှစ်ခဲ့သည်။

   ယင်းနေ့ညတွင် ဆွေးနွေးပွဲ တက်ရောက်နေသော တရုတ် ကျွမ်းကျင် ပညာရှင်က ဆွေးနွေးပွဲ ကျင်းပစဉ်အတွင်း သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ တရုတ် စစ်ရေး သိပ္ပံပညာ တံခွန်အသင်း ယခင် ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဟိုလေက ဖိလစ်ပိုင်၏ အဓိက မိန့်ခွန်းပြောကြားခြင်းနှင့် ပတ်သက်ပြီး မေးခွန်းလေးခု ထုတ်ခဲ့ပါသည်။

မေးခွန်း ၁။ မည်သူက စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်နေသနည်း။

  အိမ်နီးချင်းနိုင်ငံသည် တောင်ပင်လယ်၌ စည်းမျဉ်းစည်းကမ်းပေါ်တွင် မူတည်ထားသော နိုင်ငံတကာ စည်းစနစ်ကို ချိုးဖောက်သည်ဟု ဖိလစ်ပိုင်က ပြစ်တင်ပြောဆိုခဲ့သည်။ သို့သော်လည်း နောက်ဆုံးကျတော့ မည်သူက စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်နေသနည်း။ တောင်ပင်လယ်ကျွန်းနှင့် ကျောက်ဆောင်များဆိုင်ရာ အငြင်းပွားမှုကို နိုင်ငံတကာအနုညာတခုံရုံးသို့ တင်ပြခဲ့ခြင်းသည်ပင် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခြင်း ဖြစ်ပြီး တောင်ပင်လယ် ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာချက်ပါ ပုဒ်မ ၄ ၏ သက်ဆိုင်ရာ သတ်မှတ်ချက်ကို ကျောခိုင်းပြီး ကုလသမဂ္ဂ ပင်လယ်ရေးရာ အထွေထွေသဘောတူ စာချုပ်ဝင်နိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံ၏ အခွင့်အရေးကို ကျူးလွန်ထိပါးခဲ့သည်ဟု ဟိုလေက ပြောကြားခဲ့ပါသည်။

မေးခွန်း ၂။ မည်သူက ပဋိပက္ခဖြစ်လာအောင် ရန်စသနည်း။

လွန်ခဲ့သည့် ဖိလစ်ပိုင်အစိုးရကလက်ထက်  အာဏာ ကျင့်သုံးခဲ့သည့် ၆ နှစ် အတွင်း တောင်ပင်လယ်ဒေသ အထူးသဖြင့် ဖိလစ်ပိုင်နှင့် တရုတ် နိုင်ငံအကြား အငြင်းပွားမှု ရှိသည့် ကျွန်း၊ ကျောက်ဆောင်များနှင့် ပင်လယ် ရပ်ဝန်းတွင် ခြုံပြီး ကြည့်လျှင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ယခုအကြိမ် ဖိလစ်ပိုင် အစိုးရက အာဏာ ကျင့်သုံးလာကတည်းက အငြင်းပွားမှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပိုမို ပြင်းထန်ရန် အလား အလာလည်း ပေါ်နေ ပါသည်။ တရုတ်နိုင်ငံသည် မူနှင့် အောက်ဆုံးမျဉ်း ရှိပြီး နိုင်ငံ အချို့ မတော် မတရား ပြုကျင့်ခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ပေဟု ဟိုလေက ပြောကြား ခဲ့သည်။

မေးခွန်း ၃။ မည်သူက အာဆီယံ အပြင်၌ အသိုင်းအဝိုင်းငယ်ကို ပြုနေသနည်း။

   ဖိလစ်ပိုင်က အာဆီယံ၏ ဗဟိုချက်မအဖြစ်ကို ထိန်းသိမ်းသည်ဟု ပြောခဲ့သော်လည်း အဘယ့်ကြောင့် အာဆီယံမှ ထွက်ခွာပြီး အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ သြစတြေးလျ အဖွဲ့ငယ်ကို ပြုခဲ့သနည်း။ အဘယ့်ကြောင့် တောင်ပင်လယ်၌ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်၊ သြစတြေးလျ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုခဲ့သနည်း။ အဘယ့်ကြောင့် တောင်ပင်လယ်ဆိုင်ရာ ဘက်အသီးသီးတို့၏ ဆောင်ရွက်မှု ကြေညာချက်ကို မလိုက်နာသနည်းဟု ဟိုလေက မေးခွန်းထုတ်ခဲ့သည်။

မေးခွန်း ၄။ တောင်ပင်လယ်ရေးရာ အငြင်းပွားမှုများ ဖြေရှင်းရေးနှင့် တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးသည် တောင်ပင်လယ် အနီးတစ်ဝိုက်က နိုင်ငံများ၊ အာဆီယံတို့အား အားကိုးသလား၊ ပြင်ပမှ နိုင်ငံများအား အားကိုးသလား။

   ပြင်ပမှနိုင်ငံများ တောင်ပင်လယ်ရေးရာများ ဖြေရှင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းကို မိမိတို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါသည်။ တောင်ပင်လယ် ပြဿနာများသည် များသောအားဖြင့် ပြင်ပမှနိုင်ငံများ သွေးထိုး လှုံ့ ဆော် ခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်သည်ဟု အဖြစ်မှန်များက သက်သေ ပြထားကြောင်း ဟိုလေက ထောက်ပြခဲ့သည်။