အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ၌ ယခုနှစ်အတွင်း ပန်ဒါဝက်ဝံစုံတွဲသစ်ကို ကြိုဆို

(GMT+08:00)2024-05-31 13:26:35  

မေလ ၂၉ရက်နေ့တွင် အမေရိကန် Smithsonian Institution အမျိုးသား တိရစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံနှင့်အတူ အသစ်တစ်ကြိမ် ပန်ဒါဝက်ဝံ နိုင်ငံတကာ ထိန်းသိမ်း စောင့်ရှောက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနပြုမှုကို စတင်မည်ဖြစ်ကြောင်း၊ ယင်း တိရစ္ဆာန်ဥယျာဉ်သည် ယခုနှစ်အတွင်း “Baoli”နှင့်“Qingbao”ဟု ခေါ်သော ပန်ဒါဝက်ဝံ စုံတွဲသစ်ကို ကြိုဆိုမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ထိုနေ့ တိရစ္ဆာန်ဥယျာဉ်မှ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး Xie Feng က တရုတ်-အမေရိကန်နှစ်နိုင်ငံ သိပ္ပံပညာ သုတေသန ဝန်ထမ်းများသည် ပန်ဒါဝက်ဝံများထိန်းသိမ်းမွေးမြူရေး၊ ရောဂါကြိုတင်ကာကွယ် ရေးနှင့်ကုသရေး၊ အများပြည်သူအသိပညာပေးရေးစသောနယ်ပယ်များ၌ တက်ကြွသော အောင်ကျိုးရလဒ်များ ရရှိပြီး ပန်ဒါဝက်ဝံများထိန်းသိမ်းစောင့်ရှောက်ရေးအရည်အချင်းကို တိုးမြှင့်ပြီး တရုတ်- အမေရိကန်ပြည်သူများအကြားချစ်ကြည်ရေး တိုးပွားလာကြောင်း ပြောကြားခဲ့ပါသည်။