ရှီကျင့်ဖိန်သည် ဘာရိန်းဘုရင်နှင့် တွေ့ဆုံ

(GMT+08:00)2024-05-31 22:00:09  

မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရားဝင် အလည်အပတ် ရောက်ရှိလာပြီး တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ၁၀ ကြိမ်မြောက် ဝန်ကြီးအဆင့် ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် ဘာရိန်းဘုရင် Hamad bin Isa Al Khalifa နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဘာရိန်းသည် ပင်လယ်ကွေ့ဒေသတွင် တရုတ်နိုင်ငံ၏ မိတ်ဆ ွေကောင်းနှင့် မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ မကြာခင်နှစ်များအတွင်း မိမိတို့၏ ပူးတွဲခေါင်းဆောင်မှုအောက်တွင် တရုတ်-ဘာရိန်း ဆက်ဆံရေးသည် တည်ငြိမ် ကောင်း မွန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးစီးပွားများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်-ဘာရိန်း သံတမန် ဆက်ဆံရေး ထားရှိ သည့် ၃၅ နှစ် ပြည့်မြောက် သည့် နှစ်ဖြစ်ပြီး ယင်းကို အခွင့် ကောင်းအဖြစ်ထား၍ တရုတ်-ဘာရိန်း ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ရန် နှစ်ဖက်တို့က သဘောတူကြကြောင်း၊ ယင်းသည် တရုတ်-ဘာရိန်း ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် မှတ်တိုင်သစ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။