တရုတ်နှင့် ဘာရိန်း ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိရေးဆိုင်ရာ ပူးတွဲ ကြေညာချက်

(GMT+08:00)2024-05-31 21:59:12  

   တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဘာရိန်း ဘုရင့်နိုင်ငံတို့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့်နောက်ပိုင်း နှစ်နိုင်ငံတို့သည် အပြန်အလှန် လေးစားရေးနှင့် တန်းတူရည်တူ သဘောထားရေးမူကို အခြေခံပြီး ရိုးရာ ချစ်ကြည်ရေး ဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာကာ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် ခိုင်ခံ့လာ၍ နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် တိုးချဲ့ နက်ရှိုင်းလာခဲ့ပါကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။

   တရုတ်နှင့် ဘာရိန်း နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်း ၃၅ နှစ် ပြည့်မြောက်သည့် အခါသမယတွင် နှစ်ဖက်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ရရှိခဲ့သည့် တိုးတက်မှုများအပေါ် ကျေနပ်ပါကြောင်း ဖော်ပြပြီး တရုတ်နှင့် ဘာရိန်း ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိရန်၊ နယ်ပယ် အသီးသီးမှ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံ တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုသွားရန် တညီတညွတ်တည်း သဘောတူကြကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။