လီချမ်သည် ချဒ်နိုင်ငံဝန်ကြီးချုပ်သစ် ဟာရီနာထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-05-31 16:53:00  

မေလ ၂၉ရက်နေ့က နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီချမ်သည် အာရာ-အာရယ်.ဟာရီနာက ချဒ်နိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း၊ သဝဏ်လွှာတွင် တရုတ်နိုင်ငံအစိုးရသည် ချဒ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို လွန်စွာအလေးထားကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ဝန်ကြီးချုပ်ဟာရီနာနှင့်အတူ နှစ်နိုင်ငံနိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေပြီး လက်တွေ့ကျသောပူးပေါင်းဆောင်ရွက် ရေးတွန်းအားပေးရန်နှင့် တရုတ်-ချဒ်ချစ်ကြည်ရေးဆက်ဆံမှုတွင် အောင်မြင်မှုသစ်များ ရရှိရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။