ရှီကျင့်ဖိန်နှင့် မလေးရှား ထိပ်သီးခေါင်းဆောင် အီဘရာဟင်သည် တရုတ်-မလေးရှား သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၅၀ပြည့်မြောက်ခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အပြန်အလှန် ပေးပို့

(GMT+08:00)2024-05-31 16:54:47  

မေလ ၃၁ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှား နိုင်ငံ ထိပ်သီးခေါင်းဆောင် အီဘရာဟင်တို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေးပို့ပြီး တရုတ်-မလေးရှား သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၅၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြပါသည်။

ရှီကျင့်ဖိန်၏သဝဏ်လွှာတွင် တရုတ်-မလေးရှား ဆက်ဆံရေးသည် သမိုင်းဝင် အစသစ်တွင် တည်ရှိနေပြီ ဖြစ်ကြောင်း၊ မိမိသည် ထိပ်သီးခေါင်းဆောင် အီဘရာဟင်နှင့် အတူ တရုတ်-မလေးရှား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အောင်ကျိုးရလဒ် သစ်များ အဆက်မပြတ် ရရှိရန် ဦးဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသည့် ချမ်းသာသုခများကို ဆောင်ကြဉ်းလာကာ ဒေသတွင်း စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုများကို စွမ်းဆောင်၍ တရုတ်-မလေးရှား ဆက်ဆံမှု အတွက် ထွန်းလင်းတောက်ပသည့် လာမည့် နှစ်၅၀တာ ကာလကို ဖွင့်လှစ်ပေးရန် ဆောင်ရွက်လိုကြောင်း ရေးသားဖော်ပြထားပါသည်။

အီဘရာဟင် ၏ သဝဏ်လွှာတွင် မလေးရှား-တရုတ် ဆက်ဆံမှု ထားရှိသည့် နှစ် ၅၀ပြည့်မြောက်ခြင်းကို အတူ ဂုဏ်ပြကြသည့် အခါသမယမှာ မလေးရှားသည် တရုတ် နိုင်ငံနှင့် အတူ ထာဝစဉ် လက်တွဲ ကြိုးပမ်းဆောင်ရွက်ပြီး စည်ပင်သာယာရေးကို အတူတကွ ဖန်တီးကာ နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းသာသုခများကို ဆက်တိုက် ဆောင်ကြဉ်းလာမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။