ဝမ်ယိသည် တရုတ်-ရုရှား တတ်သိပညာရှင်များ အဖွဲ့ ထိပ်တန်း ဖိုရမ်သို့ ဗီဒီယို ဖြင့် အမှာစကား ပြောကြား

(GMT+08:00)2024-05-31 16:52:08  

ယခုလ ၃၀ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဗီဒီယိုဖြင့် တရုတ်-ရုရှား တတ်သိပညာရှင်များ အဖွဲ့ ထိပ်တန်း ဖိုရမ်သို့ အမှာစကား ပြောကြားခဲ့ပါသည်။

ဝမ်ယိက မကြာခင်က ရုရှား သမ္မတ ပူတင်သည် တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့သည် ခေတ်ကာလသစ်တွင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု အတွက် ဦးတည်ချက်ကို ညွှန်ပြပေး ကြောင်း ပြောကြားပါသည်။

ဝမ်ယိက သမိုင်းဝင် အစသစ်တွင် တရုတ်သည် ရုရှားနှင့် အဆင့်မြင့်မားသော တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ပြည်သူများ အတွက် ပိုမိုများပြားသော ချမ်းသာသုခကို ဆောင်ကြဉ်းလာမည် ဖြစ်ပြီး ကမ္ဘာ့ လုံခြုံရေးနှင့် တည်ငြိမ်ရေး အတွက် ပိုမိုကြီးမားသည့် အကျိုးပြုမှုများ စွမ်းဆောင်မည် ဖြစ်ကြောင်း အလေးထား ပြောကြားပါသည်။