စွဲချက် ၃၄ ချက်စလုံးအတွက် ပြစ်ဒဏ်ချမှတ်ခံထားရသော ထရမ့် သည် အမေရိကန်သမိုင်းတွင် ပြစ်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးသမ္မတဖြစ်လာ

(GMT+08:00)2024-05-31 14:18:51  

အမေရိကန်သမ္မတဟောင်း ထရမ့် သည် စွဲချက်တင်ခံထားရသော စွဲချက် ၃၄ ချက်စလုံးမှာ အပြစ်ရှိပြီး အမေရိကန်သမိုင်းတွင် ပြစ်ဒဏ်ချမှတ်ခံရသည့် ပထမဆုံးသမ္မတဖြစ်လာကြောင်း နယူးယောက်တရားရုံး မှ ဂျူရီလူကြီးများက မေလ ၃၀ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ ထရမ့် သည် ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးစဉ်အတွင်း သူ၏ရှေ့နေ Cohen ကို တာဝန်အပ်နှင်းပြီး သရုပ်ဆောင် Daniels အား နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်း ပေးဆောင်ခဲ့ကြောင်း၊ ထရမ့်သည် ကုန်သွယ်ရေးမှတ်တမ်းအတုလုပ်ပြီး ၎င်း၏နယူးယောက်ပြည်နယ်နှင့် ဖက်ဒရယ်ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများချိုးဖောက်မှုများကို ဖုံးကွယ်ရန် "ရှေ့နေအခကြေးငွေ" အဖြစ်ဖြင့် Cohen အား ကြိုတင်ပေးဆောင်သော ငွေကြေးကို ပြန်လည်ပေးဆပ်ခဲ့သည်။