လီချန်သည် ကူဝိတ်ဝန်ကြီးချုပ်သစ် Ahmad ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-05-31 22:00:52  

မေလ ၂၉ ရက်နေ့တွင် တရုတ် ဝန်ကြီးချုပ် လီချန် သည် Ahmad Abdullah Al-Ahmad Al-Sabah ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ပြီး ၎င်း ကူဝိတ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခြင်းကို ထောမနပြုခဲ့ပါသည်။

လီချန်က တရုတ်နှင့် ကူဝိတ်တို့အကြား လေးနက်သော ချစ်ကြည်ရေး အစဉ်အလာ ရှိကြောင်း၊ မကြာခင်နှစ်များအတွင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကူဝိတ်နိုင်ငံ Emir Mishal တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် တရုတ်-ကူဝိတ် ဆက်ဆံရေးသည် ကောင်းမွန်သော အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ တရုတ်အစိုးရသည် ကူဝိတ်အစိုးရနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော အရေးကြီး သဘောတူညီမှုကို အကောင်အထည်ဖော်ဆောင်ရန်၊ တရုတ်နှင့်ကူဝိတ်အကြား နယ်ပယ်အသီးသီးမှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်နှင့် တရုတ်-ကူဝိတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှုတွင် တိုးတက်မှုအသစ်များ ရရှိဖို့ တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားသည်။