“တရုတ်နှင့်ကမ္ဘာ-ပူးပေါင်းဆောင်ရွက်ရေး၊ စိန်ခေါ်မှုနှင့် အပြန်အလှန်အကျိုးရှိစေရေး” ဆွေးနွေးပွဲကို ဘေကျင်းတွင် ကျင်းပ

(GMT+08:00)2024-05-31 13:25:00  

China Media Group နှင့် တရုတ်ပြည်သူ့တက္ကသိုလ်တို့မှ ပူးတွဲကြီးမှူးကျင်းပသော “တရုတ်နှင့်ကမ္ဘာ-ပူးပေါင်းဆောင်ရွက်ရေး၊ စိန်ခေါ်မှုနှင့် အပြန်အလှန်အကျိုးရှိစေရေး” ဆွေးနွေးပွဲကို မေလ ၃၀ ရက်နေ့က ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ဗီဒီယို အမှာစကား ပြောကြားပြီး တရုတ်ပြည်သူ့တက္ကသိုလ် ကျောင်းအုပ်ကြီး Lin Shangli သည် ဆွေးနွေးပွဲသို့ တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ ပါသည်။
    ရှင့်ဟိုင်ရှုံ က ကမ္ဘာအား တရုတ်နိုင်ငံကို ပိုမိုသိရှိနားလည်ရန်အတွက် မိမိတို့အနေဖြင့် တရုတ် အကြောင်းများကို ကောင်းမွန်စွာ မိတ်ဆက်ပေးဖို့ လိုကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးမှာ ကမ္ဘာနှင့် ခွဲခွာ၍ မရဘဲ ကမ္ဘာ၏ စည်ပင်ဝပြောမှုသည် တရုတ်နိုင်ငံကို လိုအပ် ကြောင်း၊ China Media Group အနေဖြင့် ပြည်တွင်းပြည်ပမိတ်ဆွေများနှင့်အတူ အပြန်အလှန်သင်ယူလေ့လာပြီး ပိုမိုသာယာသော အနာဂတ်ကို လက်တွဲဖန်တီးရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။