ကျောက်လေ့ကျိသည် Maldivesနိုင်ငံ အသစ်အရွေးခံရသည့် လွှတ်တော်ဥက္ကဋ္ဌ Abdul Raheem ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-05-31 16:51:16  

    ၂၀၂၄ခုနှစ် မေလ ၂၉ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လေ့ကျိသည် Maldivesနိုင်ငံ အသစ်အရွေးခံရသည့် လွှတ်တော်ဥက္ကဋ္ဌ Abdul Raheem ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ ကျောက်လေ့ကျိက တရုတ်နှင့် Maldivesနှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းဖြစ်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၅၂ နှစ် အတွင်း အမြဲတစေ အပြန်အလှန် လေးစားကြောင်း၊ တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံကြောင်း၊ တစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် အလေးထားကြသည့် ကိစ္စရပ်များတွင် တစ်နိုင်ငံက ပြတ်သားစွာ ထောက်ခံ အားပေးခဲ့ကြကြောင်း၊ မိမိသည် ဥက္ကဋ္ဌ Raheem နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့၏ အရေးကြီး သဘောတူညီမှုများကို အကောင်အထည်ဖော်ဆောင်ရန်၊ နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းရန်၊ တရုတ်-Maldives ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေရန်၊ တရုတ်-Maldives ကံကြမ္မာတူ အသိုက်အဝန်းကို အတူတည်ဆောက်ရန် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ဖော်ပြပါသည်။