စလိုဗေးနီးယား၏ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်အား ပါလက်စတိုင်းဘက်မှ ကြိုဆို

(GMT+08:00)2024-05-31 13:27:09  

 ဒေသစံတော်ချိန် မေလ ၃၀ ရက်နေ့ ညနေပိုင်းက ပါလက်စတိုင်းသမ္မတ ပြောရေးဆိုခွင့်ရှိသူ Nabil Abu Rudenaက စလိုဗေးနီးယားအစိုးရ၏ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုသော ဆုံးဖြတ်ချက်ကို ချီးကျူးပြီး ကြိုဆိုပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

 အဆိုပါကြေညာချက်အရ စလိုဗေးနီးယားအစိုးရ၏ ဆုံးဖြတ်ချက်သည် ပါလက်စတိုင်းပြည်သူများနှင့် ၎င်းတို့၏မြေယာဆိုင်ရာ တရားဝင်အခွင့်အရေးများအား ထောက်ခံအားပေးခြင်းကို ပြသပြီး လူအားလုံး၏ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရန်  အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုရန် ကမ္ဘာ့နိုင်ငံများအား ပန်ကြားကြောင်း ကြေညာချက်တွင် ဖော်ပြပါသည်။