ကူရှင်ကြယ် အမှတ် ၁ ပင်လယ်ပြင်မှ ပစ်လွှတ်သည့် Yao-2 သယ်ဆောင်ရေးဒုံးကျည်ကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2024-05-30 14:24:40  

မေလ ၂၉ရက်နေ့ ညနေ ၄နာရီ ၁၂မိနစ်က တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာသည် ရှန်းတွန်းပြည်နယ်အနီးရှိ ပင်လယ်တွင် ကူရှင်ကြယ်အမှတ်၁ ပင်လယ်ပြင်မှ ပစ်လွှတ်သည့် Yao-2 သယ်ဆောင်ရေးဒုံးကျည်ကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ သယ်ဆောင်သည့် ထျန်းချီ ကြယ်စု ကြယ်အမှတ်၂၅-အမှတ်၂၈ ဂြိုဟ်တုများသည် စီစဉ်ထားသည့်ပတ်လမ်းကြောင်းသို့ ချောမွေ့စွာ ဝင်ရောက်ကာ စမ်းသပ်ပျံသန်းမှု မစ်ရှင် ပြီးပြည့်စုံစွာ အောင်မြင်ကြောင်း သတင်းအရ သိရပါသည်။