ကျေးလက်ဒေသ လမ်းတည်ဆောက်ရေးနှင့်ပတ်သက်ပြီး ရှီကျင့်ဖိန်က အရေးကြီး ညွှန်ကြားချက် ဖော်ပြ

(GMT+08:00)2024-05-30 12:41:55  

        မကြာခင်ရက်များက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ကျေးလက်ဒေသ လမ်းများ ကောင်းကောင်းတည်ဆောက်ရေး၊ ကောင်းကောင်း စီမံခန့်ခွဲရေး၊ ကောင်းကောင်း ကာကွယ်ရေးနှင့် ကောင်းကောင်း လည်ပတ်စေရေး ဟူသော “ကောင်းကောင်း” ၄ ရပ်နှင့်ပတ်သက်ပြီး အရေးကြီး ညွှန်ကြားချက် ပြောကြားခဲ့ရာ လွန်ခဲ့သည့်နှစ်များအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး  လုပ်ငန်းဌာနများအပါအဝင် သက်ဆိုင်ရာ ဌာနနှင့် ဒေသန္တရ အစိုးရများသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ မူဝါဒနှင့် စီမံချက်များကို တိတိကျကျ အကောင်အထည်ဖော်ဆောင်ပြီး ဇွဲလုံ့လရှိစွာ အခက်အခဲများကို ကျော်လွှားခဲ့သဖြင့် “ကောင်းကောင်း” ၄ ရပ် တည်ဆောက်ရေးတွင် အောင်ကျိုးရလဒ်များ ထင်ရှားစွာ ရရှိခဲ့ကြောင်း၊ လယ်သမားများနှင့် ကျေးလက်နေပြည်သူများ၏ အကျိုးစီးပွား၊ စိတ်ချမ်းသာမှုနှင့် လုံခြုံစိတ်ချရမှုတို့ကို ဆက်လက် တိုးမြင့်စေကြောင်း၊ ကျေးလက်ဒေသမှ လမ်းများသည် ပြည်သူများအား ချမ်းသာပျော်ရွှင်စေပြီး ရင်းနှီးစွာ ဆက်သွယ်စေကာ  ရှင်သန်ဖွံ့ဖြိုးစေသော အိမ်ရှေ့လမ်း ဖြစ်လာနေပြီဖြစ်ကြောင်း ပြောကြားသည်။