တရုတ်နိုင်ငံသည် ၂၀၂၆ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး ကျင်းပမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2024-05-30 14:32:08  

မေလ ၃၀ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း တျောက်ယူထိုင်ဧည့်ဂေဟာ၌ တရုတ်-အာရပ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ဒသမ အကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပထမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး၏အောင်ကျိုးရလဒ်များ အကောင်အထည်ဖော်ရေးအခြေအနေကို ကျေနပ်မိပြီး အာရပ်နိုင်ငံများနှင့်အတူ ထိပ်သီးအစည်းအဝေး၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအခန်းကဏ္ဍကို ဖော်ထုတ်ပြီး တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေးကို မြန်ဆန်မြင့်မားစွာ ဖြတ်ကျော်နိုင်သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆက်တိုက်တွန်းအားပေး လိုကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၂၆ခုနှစ်တွင် တရုတ်နိုင်ငံ၌ ဒုတိယအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ပြီး ယင်းသည် တရုတ်-အာရပ်နိုင်ငံများ ဆက်ဆံရေး၏ နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။